၂၃-၉-၂၀၁၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူး-စကုမြို့နယ်၊ စကုမြို့၊ ဖောင်တန်းရပ်၊ အခြေခံပညာမူလတန်းကျောင်းတွင် အာစရိယပူဇော်ပွဲ ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင်များ၊ ဆရာဆရာမများ၊ ကူညီဆောင်ရွက်ကြသော လူငယ်များဖြင့် နေ့လည်(၃း၀၀)နာရီ၌ (၁၀)ကြိမ်မြောက် အာစရိယပူဇော်ပွဲဖြစ်မြောက်ရေး လုပ်ငန်းခွဲဝေမှု ညှိနှိုင်းစည်းဝေးပွဲကို ကျင်းပခဲ့သည်။ အစည်းအဝေးတွင် တက်ရောက်သူများက အာစရိယပူဇော်ပွဲ အခမ်းအနားအတွက် လုပ်ငန်းဆောင်ရွက်ရန်ကိုယ်စီတာဝန်များကို ခွဲဝေခဲ့ကြသည်။ အစည်းအဝေး တွင် တက်ရောက်သူ ဦးအေးချိုဦးက ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများ ကွယ်လွန်သွားသည့်အခါ အလှူငွေများကို စုပေါင်း လှူဒါန်းရန်လည်း သဘောတူခဲ့ကြသည်။
စကုမြို့တွင် အာစရိယပူဇော်ပွဲကို (၂၀၁၃ )ခုနှစ်မှ စတင်၍ နှစ်စဉ်အစဉ် အလာမပျက် ကျင်းပ လာခဲ့သည် မှာ ယခုနှစ်တွင် ဒသမ အကြိမ်မြောက်သို့ ရောက်ရှိပြီဖြစ်ပါသည်။ ကျောင်းသား ကျောင်းသူဟောင်းများမှ မိမိတို့ကို စေတနာ၊ ၀ါသနာ၊ အနစ်နာ - နာ ၃ နာ ဖြင့် ပညာသင်ပေး ခဲ့ကြသော ဆရာကြီး၊ ဆရာမကြီးတို့၏ ဂုဏ်ကျေးဇူးကို လေးစားတန်ဖိုးထားစွာဖြင့် နှစ်စဉ် လက်ဆင့်ကမ်း ကျင်းပ ခဲ့ကြခြင်းဖြစ်ပါသည်။၁၀ ကြိမ် မြောက် အာစရိယပူဇော်ပွဲကို စကုမြို့၊ စည်ပင်သာယာဈေးတောင်ဘက်၊ မြို့လယ်ပုညရှင်ဓမ္မာရုံ တွင် (၅-၁၀-၂၀၁၂)ရက်(သောကြာနေ့)(ကမ္ဘာ့ဆရာများနေ့)တွင် ပူဇော်ကျင်းပမည်ဖြစ်သည်။
ရပ်ဝေးရပ်နီးမှ ကျောင်းသား၊ ကျောင်းသူဟောင်းများအနေဖြင့် အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးအတွက် ၀ိုင်းဝန်းဆောင်ရွက်ကြပါရန် နှိုးဆော်ထားပါသည်။
No comments:
Post a Comment