21 September 2012

စကုမြို့၏တည်နေရာ၊ ပုံသဏ္ဍာန်၊ အကျယ်အဝန်း၊ မြေမျက်နှာသွင်ပြင် နှင့် ရေဆင်း



စကုမြို့၊ မြို့အဝင်ဆိုင်းဘုတ်
 
တည်နေရာ

စကုမြို့သည်မြောက်လတ္တီကျူ(၂၀ ဒီဂရီ ၁၃ မိနစ် ၃၀ စက္ကန့်) နှင့် အရှေ့လောင်ဂျီကျူ(၉၄ ဒီဂရီ ၄၆ မိနစ်)ပေါ်တွင် လုံးဝတည်ရှိသည်။

ပုံသဏ္ဍာန်

စကုမြို့၏ပုံသဏ္ဍာန်ပြောင်းတိုခြောက်လုံးပြုးသေနတ်၏ သေနတ်ဒင်ပုံသဏ္ဍာန်နှင့် ဆင်တူနေသည်။ ၁၉၂၀ ခုနှစ်ကျော် အင်္ဂလိပ်ကျူးကျော်သူတို့  အုပ်ချုပ်ခဲ့စဉ်က  ရေးဆွဲခဲ့သည့်  မြေကွက်များဖြစ်သည်။    မြို့တွင်းလမ်းများ၊      အိမ်ဝိုင်းကွက်များသည် ထောင့်မှန်ပုံများဖြစ်သည်။

အကျယ်အဝန်း

စကုမြို့၏အကျယ်အဝန်းမှာ(၄၅၃)ဧက၊ (၀.၂၇)စတုရန်းမိုင်ခန့်ရှိသည်။
စကုမြို့ နံဘေးမှ စီးဆင်းသွားသော မန်းချောင်း
စကုမြို့နံဘေးမှ စီးဆင်းနေသော မန်းချောင်းအား တွေ့ရစဉ်(ဓာတ်ပုံ-ဇော်ဇော်အောင်၊23 Video&Photo၊)

မြေမျက်နှာပြင်နှင့်ရေဆင်း

ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ(၁၈၀)ပေ၊ မြောက်ဘက် နှင့် အရှေ့ဘက်နိမ့်၍ တောင်ဘက်နှင့် အရှေ့တောင်ဘက်သို့ တဖြေးဖြေးမြင့်တတ်သွားသည်။

မြောက်ဘက်ပေ(၁၆၀)၊ တောင်ဘက်အမြင့်ဆုံးဒေသ(၂၉၅)ပေ၊ အေ့ရှဘက်တွင်(၂၈၀)ပေမြင့်သော မြေနီ  ကုန်းမြင့်ရှိသည်။ အမြင့်ပေ (၂၀၀)ပြကွန်တိုမျဉ်းများသည် အနောက်မှအရှေ့သို့ ကွေ့ကောက်လျှက်ရှိသည်

မြို့မြောက်ဘက်ရှိ မန်းချောင်းကြီး(ရှေးခေါ် နမ္မဒါမြစ်)သည် ရခိုင်ရိုးမမှမြစ်ဖျားခံ၍ အနောက်မှ အရှေ့သို့ စီးဆင်းပြီး မင်းဘူးမြို့၏ မြောက်ဖျားတွင် ဧရာဝတီမြစ်သို့ ပေါင်းဆုံစီးဝင်သည်။

မန်းချောင်းမှ မန်းဆည်တော်ဟူသော တူးမြောင်းကြီးတစ်ခုကို ရှေးမြန်မာမင်းများတူးဖော်ခဲ့ပြီး အင်္ဂလိပ် ကျူးကျော်သူတို့ အုပ်စိုးစဉ်က ပြန်လည်ပြုပြင်ဖော်လုပ်ခဲ့သည်။ ရှေးခေတ်အတိုင်းအတာအရ ပေပေါင်း (၅၇၅၄၀)ရှည်လျားသည်။ တူးမြောင်းမှလယ်မြေများသို့ရေသွင်းပြီး စိုက်ပျိုးရေးလုပ်ငန်းကို အဓိက ဆောင်ရွက်ခဲ့သည်။

စကုမြို့တောင်ဘက်တွင် သမိုးချောင်း (သားမွေးချောင်း)၊ မကျည်းကန်ချောင်းသည် ရေပုတ်ရွာအနီးမှ မန်းချောင်းသို့ စီးဝင်သည်။

မြန်မာနိုင်ငံတွင် မိုးရေဇုံကြီး(၆)ဇုံ ခွဲခြားထားသည့်အနက် အလယ်ပိုင်း၌တည်ရှိသဖြင့် ခွဲခြားဇုံ(၆)ဇုံတွင် စကုမြို့သည် အမှတ်(၃)ဇုံအတွင်း ပါဝင်သည်။ ရေငွေ့ထွက်သည်က မိုးရွာကျသည်ထက်ပိုသဖြင့် နှစ်စဉ်ရေဧကပေ(၆၈)သန်းခန့် ဆုံးရှုံး သည်ဟု ခန့်မှန်းနိုင်ပါသည်။

ရေးသားပြုစုသူ - အောင်သန်းစိုး(ပညာရေး)

posted by SGDN 20-9-2012(11:00PM)

1 comment:

  1. Anonymous11 June, 2013

    ဒါပဲလား ထပ္ေရးဦး

    ReplyDelete