26 September 2012

နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးငယ် ခွဲစိပ်ရန် ၀ိုင်းဝန်းကူညီ


နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးငယ် ခွဲစိပ်ရန် ၀ိုင်းဝန်ကူညီ
၂၈-၈-၂၀၁၂
မကွေးတိုင်းဒေသကြီး၊ စကုမြို့၊ အမှတ်(၃)ရပ်ကွက်၊ ဖောင်တန်းရပ်တွင် နေထိုင် သော မောင်အောင်ကျော်ဦး(ဘ)ဦးတင်အောင် နှင့် မမြင့်မာသက်(ဘ)ဦးအေးချို တို့၏ သား မောင်မျိုးဟိန်းကျော်(၁)နှစ် သည် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင် ကွဲခြင်း ကို ခွဲစိပ်ရန် ဆေးကုသ စရိတ်ကို စကုမြို့နေ စေတနာရှင်၊ အလှူရှင် များမှ ၀ိုင်းဝန်းလှူဒါန်း ခဲ့သည်။


စကုမြို့၊ မဟာဓမ္မိကာရာမ ပထမ ပရိယတ္တိစာသင်တိုက် ဆရာတော် ဦးဥတ္တရ၊ ဦးဓမ္မသေန၊ အကျိုးဆောင်လူငယ်များဖြစ်သော ကိုထွန်းထွန်းဦး၊ ကိုသက်နိုင်ဦး၊ ကိုဇော်နန္ဒဝေ၊ ကိုမင်းအောင်တို့မှ စကုမြို့၊ စေတနာရှင်၊ အလှူရှင်များထံ အလှူခံ၍ ရရှိသော အလှူငွေများ အားလုံး ကို မောင်မျိုးဟိန်းကျော် ၏ မိခင် မမြင့်မာသက်အား ပေးအပ် လှူဒါန်း ခဲ့ကြောင်းသိရသည်။
ရရှိသောအလှူငွေဖြင့် ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြို့နယ်၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်သို့ သွားရောက် ခွဲစိပ်ကုသခဲ့ရာ ခွဲစိပ်ခန်းအတွင်းတွင် ကလေးငယ်မှာ ဖျားနာ၍ကိုယ်ပူတက်သဖြင့် ကလေးငယ်အား အသက်(၃)နှစ် အရွယ်ရောက်မှ ပြန်လည်ခွဲစိပ်ကုသရန် ချိန်းဆိုလိုက်ကြောင်း ကလေးငယ်၏ ဆွေမျိုးဖြစ်သူ၏ ပြောပြချက်အရ သိရသည်။
ကလေးငယ်၏ မိဘများမှာ နွမ်းပါးသူများဖြစ်သဖြင့် ခွဲစိပ်ကုသရန်စရိတ်ကို လှူဒါန်းနိုင်ပါကြောင်း နှိုးဆော်အပ်ပါသည်။

ဆက်သွယ်ရန် - ဦးဥတ္တရ၊ မဟာဓမ္မိကာရာမ ပရိယတ္တိစာသင်တိုက်၊ စကုမြို့၀၆၅-၄၀၂၄၈

ကိုသက်နိုင်ဦး - ကြက်ခြေနီတပ်ဖွဲ့၊ ဆေးရုံလမ်း၊ စကုမြို့

ဓါတ်ပုံကိုမိသားစု၏ခွင့်ပြုမှုဖြင့်ဖော်ပြသည်
ကိုကျော်စိုး + မမြင့်မာသက် တို့၏ သား မောင်မျိုးဟိန်းကျော်အတွက် လှူဒါန်းသော အလှူရှင်များ

ဆရာတော်ဦးဓမ္မသေန(သုံးထပ်ကျောင်း) - ၁၀၀၀၀ ကျပ်
ဇီဝက ဆေးခန်း နာယကဆရာတော် ဦးဥတ္တရ- ၅၀၀၀ ကျပ်
ကိုသွင်ထူးဟန် - ၅၀၀၀ ကျပ်
ကိုမောင် + မခင်စန်းရီ - မြတ်နိုးဝေဓါတ်ပုံ - ၃၀၀၀ ကျပ်
ရောင်နီမိသားစု - ၃၀၀၀ ကျပ်
နီလာဆေးဆိုင်မိသားစု - ၃၀၀၀ ကျပ်
ဒေါ်ခင်အုန်းမြင့် - ၂၀၀၀ ကျပ်
ဦးလရောင် နှင့် သားများ - ၂၀၀၀ ကျပ်
ဦးမောင်မောင် + ဒေါ်လှလှဝင်း - ၂၀၀၀ ကျပ်
ဦးမောင်မောင်တင် - ၂၀၀၀ ကျပ်
ရွှေမန်းမိသားစု - ၁၅၀၀ ကျပ်
ဦးထွန်းဖေ မိသားစု - ၁၅၀၀ ကျပ်
ရွှေဘဲမိသားစု - ၁၀၀၀ ကျပ်
ကိုအောင်အောင် - ကုန်စုံဆိုင် - ၁၀၀၀ ကျပ်
ကိုဝေလွင်မောင် - ရွှေပန်းတိမ် - ၁၀၀၀ ကျပ်
ဦးကျောက်ခဲ မိသားစု - ၁၀၀၀ ကျပ်
ငွေစံအိမ် ရွှေပန်းတိမ် - ၁၀၀၀ ကျပ်
ဦးတင်ဝင်း ရွှေပန်းတိမ် - ၁၀၀၀ ကျပ်
ဦးလှမောင် နှင့် သားများ ရွှေပန်းတိမ် - ၁၀၀၀ ကျပ်
တ တိုင်းရွှေ အပေါင်ဆိုင် - ၁၀၀၀ ကျပ်
ရွှေမန်း အပေါင်ဆိုင် - ၁၀၀၀ ကျပ်
ကိုကျော်သူ+မခင်မိုးစံ မုန့်ဆိုင် - ၁၀၀၀ ကျပ်
မသန်းနု စတိုး - ၁၀၀၀ ကျပ်
ဦးထွန်းတာ(လက်ဖက်ရည်ဆိုင်) - ၁၀၀၀ ကျပ်
မိခင် နှင့် ကလေးစောင့်ရှောက်ရေးအသင်း - ၅၀၀ ကျပ်
ကမ္ဘာသစ် အီလက်ထရောနစ် - ၅၀၀ ကျပ်
သီဟရာဇာ - ၅၀၀ ကျပ်
ဦးကျော်စိုး - ၅၀၀ ကျပ်
ဦးတင်အောင်ဆန်း - ၅၀၀ ကျပ်
စံပယ်ဖြူ ဆေးဆိုင် - ၅၀၀ ကျပ်
အောင်အောင် အီလက်ထရောနစ် - ၅၀၀ ကျပ်
ကိုစိုးလွင်(ပြည်ခိုင်ဖြိုးပါတီ) - ၅၀၀ ကျပ်
ဒေါက်တာ လှဝင်း - ၅၀၀ ကျပ်
ကိုရာဇာလင်း စိုက်ပျိုးရေးဆေးဆိုင် - ၅၀၀ ကျပ်
အောင်သုခစတိုး - ၅၀၀ ကျပ်
အေးချမ်းအောင်စာပေ - ၅၀၀ ကျပ်
ဦးချစ်ကိုကို (ဆီစက်) - ၅၀၀ ကျပ်
ကိုလေးနိုင်(ပြည်သူ့ရဲတပ်ဖွဲ့) - ၅၀၀ ကျပ်
ကိုအောင်ညီညီ(ပြည်သူ့ရဲတပ်ဖွဲ့) - ၅၀၀ ကျပ်
ကိုဖြိုး သံဆိုင် - ၅၀၀ ကျပ်
ဦးစိန် မိသားစု - ၅၀၀ ကျပ်
ဦးတင်အေး - ၅၀၀ ကျပ်
ဦးဟုတ်တင် စတိုး - ၅၀၀ ကျပ်
အိုကေ ညွန့် နာရီ - ၅၀၀ ကျပ်
ကိုမျိုး ဆွိ နာရီ - ၅၀၀ ကျပ်
ယမုံနာ ကွမ်းယာ - ၅၀၀ ကျပ်
ဦးမောင်ဝင်း အုတ်လုပ်ငန်း - ၅၀၀ ကျပ်
ဦးစိန်ကီး - ၅၀၀ ကျပ်
အခြားစုပေါင်းအလှူရှင် - ၇၀၀၀ ကျပ်
စုစုပေါင်း - ၇၂၀၀၀ ကျပ်

No comments:

Post a Comment