30 September 2012

စကုမြို့ ၀န်းကျင်ရွာများတွင် ခွေးရူးကိုက်ခြင်းများ ဖြစ်ပွားနေ


၂၈-၉-၂၀၁၂
၂၂-၉-၂၀၁၂ နေ့တွင် မင်းဘူး-စကုမြို့နယ်၊ ကူရွာကျေးရွာတွင် ကလေး(၅)ယောက် လူကြီး (၂)ယောက် အား ခွေးရူး ကိုက်ခံခဲ့ရသည်။ ထို့ပြင် ၂၂-၉-၂၀၁၂ နေ့ ညနေ (၅း၀၀) နာရီခန့်တွင် ပန်းလွှားကျေးရွာတွင် (၅)နှစ်သားကလေးငယ်ယောင်္ကျားလေး(၁)ယောက်လည်းခွေးရူးကိုက်ခံခဲ့ရသည်။ယခုဖြစ်ရပ် မတိုင်မီရက် တွင် ရွှေချောင်းကျေးရွာနှင့် လက်ပန်တောကျေးရွာများတွင်လည်းခွေးရူး ကိုက်ခံရခြင်းများဖြစ်ပွားခဲ့သည်။ ကူရွာကျေးရွာမှ ခွေးရူးကိုက်ခံခဲ့ရသူများအားစကုမြို့၊ဇီဝကအခမဲ့ဆေးခန်းမှခွေးရူးရောဂါ ကာကွယ်ဆေးများ လှူဒါန်းခဲ့ကြောင်းသိရပါသည်။

ခွေးရူးရောဂါကာကွယ်ဆေး(၁)လုံးလျှင်(၁၂၀၀၀)ကျပ်ဖြစ်ပြီးတစ်ဦးလျှင် (၆)လုံးထိုးပေးခဲ့သည်။ စုစုပေါင်းခွေးရူးကိုက်ခံရသူ(၇)ဦးအတွက်(၅၀၄၀၀၀)ကျပ်(ငါးသိန်းလေးထောင်ကျပ်)ကျခံခဲ့ကြောင်းခွေးရူး ကိုက်ခံရသူ(၇)ဦးအား ၂၄-၉-၂၀၁၂ရက်(တနင်္လာနေ့)တွင်ခွေးရူးရောဂါကာကွယ်ဆေးများထပ်မံထိုးပေးရန် ချိန်းဆိုထားကြောင်း ဇီဝကဆေးခန်းမှ အဘ ဦးကျော်စိန် မှ ပြောကြားခဲ့သည်။
ခွေးရူး၏ လက္ခဏာများမှာ အစာမစားခြင်း၊ ပုံမှန်ကဲ့သို့မဟုတ်ဘဲလျှောက်သွား၍တွေ့ရာကိုကိုက်ခြင်း၊ လျှာတန်းလန်းဖြစ်ခြင်း၊ ပါးစပ်မှ အရည်တစပ်စပ်ကျနေခြင်း၊ အမြီးအောက် သို့ ကျနေခြင်း၊ လမ်းသွားလျှင် ဒယိုင်းဒယိုင်နှင့် မျက်စိမမြင်သကဲ့သို့ဖြစ်ခြင်း၊ ခေါင်းငိုက်စိုက်ကျနေခြင်းများ ဖြစ်သည်။
စကုမြို့နယ်အတွင်းတွင်ခွေးရူးကိုက်ခံရခြင်းများဖြစ်ပွားနေသဖြင့်မိမိတို့ဝန်းကျင်တွင်အထက် ဖော်ပြပါ ခွေးရူး လက္ခဏာများကို သတိပြုနေထိုင်ကြပါရန် နိုးဆော်အပ်ပါသည်။

No comments:

Post a Comment