05 October 2012

စကုမြို့၊ ဇီဝက ကုသိုလ်ဖြစ်ဆေးခန်း၏ ဒုတိယအကြိမ်မြောက် သက်ကြီးပူဇော်ပွဲကျင်းပ

ဇီဝက ကုသိုလ်ဖြစ်ဆေးခန်း ၏ ဒုတိယအကြိမ် သက်ကြီးပူဇော်ပွဲ ၂ - ၁၀ - ၂၀၁၂

 
ဇီဝက ကုသိုလ်ဖြစ်ဆေးခန်း ၏ ပထမအကြိမ် သက်ကြီးပူဇော်ပွဲ ၁၄ - ၉ - ၂၀၁၁
 ၂ - ၁၀ - ၂၀၁၂
စကုမြို့၊ ဇီဝက ကုသိုလ်ဖြစ် ဆေးခန်း၏ ဒုတိယအကြိမ်မြောက် သက်ကြီးပူဇော်ပွဲကို ၁၃၇၄ ခုနှစ်၊ တော်သလင်း လပြည့်ကျော်(၂)ရက်၊ ၂ - ၁၀ - ၂၀၁၂ ရက်နေ့က စကုမြို့၊ လယ်ပေါ်ကျောင်းတိုက်၊ ဇီဝက နားနေဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
 သက်ကြီးပူဇော်ပွဲလှူဒါန်းနိုင်ရန် စကုမြို့နှင့်ဝန်းကျင်ရွာများသို့ အလှူခံထွက်ခဲ့ရာ အလှူငွေ (၃၀၄၁၀၀) ကျပ် နှင့် ဆန်(၃)အိတ် အလှူခံရရှိခဲ့သည်။ အခမ်းအနားတွင် စကုမြို့၊ ကျောင်းထိုင်ဆရာတော်များမှ သြ၀ါဒမိန့်ကြားပြီးနောက် စကုမြို့ပေါ်နှင့် ၀န်းကျင်ရွာများမှအသက်(၇၅)နှစ်နှင့်အထက် ဘိုးဘွားများအား အလှူငွေ၊ ဆန် နှင့် ကျောင်းထိုင်ဆရာတော်များ၏ တပါးချင်း အလှူပစ္စည်းများကို လှူဒါန်းခဲ့ကြသည်။ အခမ်းအနားသို့ လာရောက်ကြသူများကို အာဟာရဆန်ပြုတ်ဖြင့် ကျွေးမွေးဒါနပြုခဲ့ပြီး ဒုတိယအကြိမ်မြောက် သက်ကြီးပူဇော်ပွဲအတွက် စုစုပေါင်းကုန်ကျစရိတ်မှာ (၃၇၄၈၀၀)ကျပ်ဖြစ်ပါသည်။

No comments:

Post a Comment