စကုမြို့တွင်ဂျီအက်စ်အမ်၊ ဒဗလျူစီဒီအမ်အေ တယ်လီဖုန်းလိုင်းပြတ်တောက်မှုဖြစ်ပွား
၂၉-၉-၂၀၁၂
စကုမြို့တွင် ၂၈-၉-၂၀၁၂ ရက်နေ့၊ နံနက်(၈း၀၀)နာရီမှ စတင်၍ ၂၉-၉-၂၀၁၂ ရက်၊ ည (၇း၃၀)အချိန် အထိ ဂျီအက်စ်အမ်၊ ဒဗလျူစီဒီအမ်အေ တယ်လီဖုန်းလိုင်းများပြတ်တောက်မှုဖြစ်ပွားခဲ့သည်။ စကုမြို့၊ ဆက်သွယ်ရေးရုံးသို့ မေးမြန်းရာတွင် မန္တလေးမြို့မှ ပြတ်တောက်မှုဖြစ်ကြောင်း၊ စက်ပစ္စည်း တပ်ဆင်နေ၍ ဖြစ်ကြောင်း ဖြေကြားခဲ့သည်။ အများပြည်သူတို့သည် မိမိတို့၏ နေစဉ်စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးများအတွက် အသုံးပြုနိုင်ရန် အတွက် နိုင်ငံတကာ နှင့် အိမ်နီးချင်းနိုင်ငံတို့ထက် ဈေးနှုန်း အဆမတန်မြင့်မားသော မိုဘိုင်း တယ်လီဖုန်းများကို ၀ယ်ယူသုံးစွဲနေရသော်လည်း တယ်လီဖုန်း ဆက်သွယ်မှုများအတွက် စိတ်ချ၍ မရနိုင်အောင် ဖြစ်နေသည်။
စကုမြို့တွင် ဂျီအက်စ်အမ်၊ ဒဗလျူစီဒီအမ်အေ တယ်လီဖုန်းလိုင်းများ စတင် တပ်ဆင်ပြီး (၂)လခန့်အကြာတွင် ပထမဆုံးအကြိမ် မိုဘိုင်းတယ်လီဖုန်းလိုင်းများ စတင် ပြတ်တောက်ခြင်းဖြစ်သည်။ တာဝန်ရှိသူ ဆက်သွယ်ရေးရုံး များအနေဖြင့် လိုင်းပြတ်တောက်မှုအား ပြည်သူများအား ကြော်ငြာသင်ပုန်းဖြင့် အသိပေးခြင်း၊ မတ်ဆေ့ခ်ျဖြင့် အကြောင်းကြားခြင်း၊ ပြန်လည်ကောင်းမွန်မည့်အချိန်ကို ဖြေကြားပေး ခြင်းများ ပြုလုပ်ပါက ယနေ့ မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသော သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်မှု ကို အထောက်အကူပြုမည် ဖြစ်ပါသည်။
No comments:
Post a Comment