11 October 2012

သဘာဝပတ်ဝန်းကျင်၏ အဓိပ္ပါယ်များ

ဂေဟစနစ်(Eco System)
ဂေဟစနစ်ဆိုသည်မှာ ဂေဟဗေဒ(Ecology)ဘာသာရပ်လာအသုံးအနှုန်းတစ်ခုဖြစ်ပြီး အဓိပ္ပါယ်မှာ ကမ္ဘာမြေပေါ်ရှိ သစ်တောမျာနှင့် အဆိုပါသစ်တောများကို မှီခိုနေထိုင်ရင်း ရှင်သန်ရပ်တည်နေသော လူအပါအဝင် အခြားသောသက်ရှိသတ္တဝါများ၊ မြစ်ချောင်းများနှင့် ပင်လယ်သမုဒ္ဒရာများ၊ ဝင်ရိုးစွန်း ဒေသရှိ ရေခဲပြင်များ စသည်တို့၏ တစ်ခုနှင့်တစ်ခု ဟန်ချက်ညီစွာ အပြန်အလှန် မှီခိုနေထိုင်ခြင်းဖြင့် ကမ္ဘာမြေ ရှင်သန်လည်ပတ်နေခြင်းကို စနစ်တစ်ခုအသွင် ခေါ်ဝေါ်သုံးစွဲသော ဝေါဟာရဖြစ်သည်။

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်

ဇီဝမျိုးစုံမျိုးကွဲများ(Bio Diversity)
ဇီဝမျိုးစုံမျိုးကွဲများဆိုသည်မှာ ကမ္ဘာမြေပေါ်မှီတင်းနေထိုင်သော သက်ရှိများဖြစ်သည့် လူနှင့်တိရစ္ဆာန် မျိုးကွဲ များမှစကာ အခြားသော သာမာန်မျက်စိဖြင့် မမြင်တွေ့နိုင်သည့် အဏုဇီဝ သက်ရှိရုပ်များအဆုံး စုံလင်စွာ တည်ရှိနေခြင်းကို ဆိုလိုရင်းဖြစ်သည်။

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်
ရေဝေရေလဲဧရိယာ(Water-shaft Area)
မြစ်ချောင်းများစီးဆင်ရှင်သန်မှုကိုပြောလျှင် ရေဝေရေလဲဧရိယာကို ထည့်သွင်းပြောဆိုကြရစမြဲဖြစ်သည်။ ရေဝေရေလဲဒေသကိုသိဖို့ဆိုလျှင် ပထမဆုံးမြစ်ချောင်းများ၏ စီးဆင်းပုံကို ယေဘုယျနားလည်ထားသင့် ပေသည်။
ရေသည်မြင့်ရာမှနိမ့်ရာသို့စီးဆင်းသည်။ထိုသို့ဖြစ်သည့်အားလျှော်စွာချောင်းသည်မြင့်ရာမှနိမ့်ရာသို့စီးဆင်း ပြီး မြစ်ထဲသို့ စီးဝင်သည်။ မြစ်သည်လည်း မြင့်ရာမှ နိမ့်ရာသို့စီးဆင်းရင်း ပင်လယ်ထဲသို့စီးဝင်သည်။ မြစ်ချောင်းများစီးဆင်းရင် လွင်ပြင်များကို ဖြတ်သန်းရသလို တောများကိုလည်း ဖြတ်သန်းရသည်။ ဤတွင်  ရေဝေရေလဲဧရိယာဆိုသည်မှာ မြစ်ချောင်းများဖြတ်သန်းစီးဆင်းရာတလျှောက်ဘေးတစ်ဖက်တစ်ချက်တွင် ပေါက်ရောက်ရှင်သန်နေသော သစ်ပင်သစ်တောများ၏ဧရိယာကိုဆိုလိုခြင်းဖြစ်သည်။

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်
သစ်တောများ၏အရေးပါပုံ
        မိမိတို့ပတ်ဝန်းကျင်တွင်သစ်တောများတည်ရှိနေခြင်းဖြင့် သစ် ၀ါး စသည်တို့ကိုအလွယ်တကူရရှိနိုင်သည်။ သစ်ထုတ်လုပ်ရေးလုပ်ငန်းသာမက အခြားသောသစ်တောထွက်ပစ္စည်းများကို စနစ်တကျထုတ်ယူပြီး ကုန်သွယ်ရောင်းဝယ်ခြင်းဖြင့် မိမိတို့၏ လူမှုစီးပွားဘဝကို အဆင်ပြေစေနိုင်သည်။ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများထူထောင်၍ သစ်တောများအတွင်း လှည့်လည်ပြသခြင်းဖြင့် ဒေသခံများအတွက် အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင်သည်။
     အခြားအကျိုးကျေးဇူးများအနေနှင့်မူ သစ်တောများရှိခြင်းဖြင့်မျှတသောရာသီဥတုကိုဖြစ်ပေါ်စေပြီး မိမိတို့၏ စိုက်ပျိုးသီးနှံများ ပိုမိုဖြစ်ထွန်းအောင်မြင်စေနိုင်သည်။

သစ်တောများ၏အလုပ်လုပ်ပုံ
သစ်တောသစ်ပင်များရှိခြင်းဖြင့် ကောင်းကင်မှ မြေပြင်သို့ အရှိန်ပြင်းစွာကျရောက်လာမည့် မိုးရေစက်များ ထိမှန်မှုကြောင့်ဖြစ်ပေါ်လာသည့် အပေါ်ယံမြေဆီလွှာတိုက်စားခံရခြင်းကို ကာကွယ်ပေးသည်။ တဖန် သစ်ပင်များပေါ်မှာကျလာမည့် မိုးရေစက်များကို အောက်ခြေတွင်ကြွေကျနေသောသစ်ရွက်များက မြေနှင့် တိုက်ရိုက်ထိတွေ့မှုမဖြစ်အောင် ကာကွယ်ပေးထား၍ မြေဆီလွှာတိုက်စားခံရမှုကို ထပ်မံ၍ လျှော့ချပေး သည်။ ထို့အပြင် သစ်ရွက်ဆွေးများက အပင်များအတွက် လိုအပ်သော မြေဆီသြဇာအသွင်ပြောင်း၍ အပင် များကို ပြန်လည်၍ အာဟာရဖြည့်တင်းပေးသည်။သစ်တောများရှိနေခြင်းဖြင့်နောက်ထပ်အကျိုးကျေးဇူး အနေနှင့် လေတိုက်စားမှုကြောင့်ဖြစ်ပေါ်လာမည့် မြေလွှာတိုက်စားခြင်းကိုကာကွယ်ပေးခြင်းဖြစ်သည်။

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်
သစ်တောများပြုန်းတီးလျှင်
သစ်တောများ တနည်း ရေဝေရေလဲဧရိယာများ ပျက်စီးပြုန်းတီးလျှင် ရေတိုက်စားမှုနှင့် လေတိုက်စားမှု တို့ကြောင့် ဖြစ်ပေါ်လာသော အပေါ်ယံမြေဆီလွှာဆုံးရှုံးမှုကို ပထမဆုံးကြုံတွေ့ရမည်ဖြစ်သည်။
ထိုမှတဖန် မြေဆီလွှာများက အနီးရှိမြစ်ချောင်းများထဲသို့ အနည်အနှစ်များအဖြစ်ပို့ချရာမှ သောင်ထွန်းမှုများ၊ ရေစီးကြောင်းပြောင်းစေလျှက် စီးဆင်းရာလမ်းကြောင်းတလျှောက်ရှိ မြို့ရွာများ၌ ရေတိုက်စား၍ ကမ်းပါးပြို မှုများ၊ ရေကြီးရေလျှံခြင်းများ စသည်ဖြင့် ဖြစ်ပေါ်စေနိုင်သည်။

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်
သစ်ပင်များ၏သဘာဝ
သစ်ပင်များကိုယေဘုယျအားဖြင့် (၁) အရွက်များ (၂) ပင်စည် နှင့် (၃) အမြစ်များဟူ၍ အပိုင်းသုံးပိုင်း ခွဲခြား၍ လေ့လာနိုင်သည်။

(၁) အရွက်များ၏ အဓိကတာဝန်မှာ အစာချက်ခြင်းဖြစ်သည်။ သစ်ရွက်များအတွင်းရှိ ကလိုရိုဖီးလ် ခေါ် ပါးလွှာသည့် အစိမ်းရောင်အလွှာပါးသည် နေရောင်ခြည်ကို စုပ်ယူပြီး အစာချက်သည့်တာဝန်ကို ထမ်းဆောင်သည်။ ချက်လုပ်၍ရသော အစာအာဟာရများကို အပင်၏ ကြီးထားရှင်သန်မှုအတွက် ပင်စည်သို့ ဆက်လက်ပေးပို့သည်။

(၂) ပင်စည်၏အဓိကတာဝန်မှာ အပင်အတွက် အဓိကလိုအပ်သော အာဟာရများကို စုဆောင်း သိုလှောင်ခြင်းဖြစ်သည်။ ထိုသို့ သိုလှောင်ခြင်းထားသမျှထဲမှ အပင်အတွက်လိုအပ်သမျှထုတ်ယူသုံးစွဲခြင်း ဖြင့် အပင်၏ ကြီးထွားမှု နှင့် ဖွံ့ဖြိုးဝေဆည်မှုတို့ကို အားပေးသည်။

(၃) အမြစ်များ၏အဓိကတာဝန်မှာ မြေအောက်မှ အပင်အတွက် အဓိကလိုအပ်သော ရေနှင့် အခြားသော အများလိုဓာတ်ပစ္စည်းများဖြစ်သည့် နိုက်ထရိုဂျင်(N)၊ ဖော့စဖိတ်(P)၊ ပိုတက်စီယမ်(K) စသည်တို့အပြင် အခြား အနည်းလိုဓာတ်ပစ္စည်းများဖြစ်သော မဂ္ဂနီစီယမ်၊ ကြေးနီ၊ သံ၊ သွပ်၊ ဘိုရွန်စသည့် သတ္ထုဓာတ်များ ကို စုပ်ယူပြီး အပင်ကြီးထွားမှုနှင့် အသီးအပွင့်များဖြစ်ထွန်းအောင်မြင်ရေးအတွက် အားပေးသည်။

ထို့အပြင် သစ်ပင်၏ အခြားအရေးကြီးသော လုပ်ဆောင်မှုတစ်ခုမှာ လူကို အန​ ္တရာယ်ဖြစ်စေသော ကာဗွန် ဓာတ်ငွေ့များကို လေထုထဲမှ စုပ်ယူဖယ်ရှားလျှက် တဖက်မှ လူသားတို့အသက်ရှင်ရေးအတွက် အရေးကြီး သော အောက်စီဂျင် ဓာတ်ငွေ့ကို ပြန်လည်ထုတ်ပေးခြင်းဖြစ်သည်။

အရွယ်ရောက်သစ်ပင်ကြီးတစ်ပင်သည် တစ်သက်တာအတွင်း အလေးချိန်အားဖြင့် တန်နှင့်ချီသော ကာဗွန် ဓာတ်ငွေ့ပမာဏကို စုပ်ယူ ဖယ်ရှားနိုင်စွမ်းရှိသည်။

သင် ဒါတွေကို သိပါသလား

ကမ္ဘာပေါ်တွင် နေ့စဉ်နှင့်အမျှ အိုင်ယာလန် နိုင်ငံ၏အကျယ်အဝန်းနှင့်ညီမျှသောသစ်တောများ ဆုံးရှုံးလျှက် ရှိသည်

အရှေ့တောင်အာရှဒေသရှိ အင်ဒိုနီရှားနိုင်ငံတွင် နှစ်စဉ် သစ်တောဧက (၂)သန်းခွဲ ဆုံးရှုံးလျှက်ရှိသည်။

တရုတ်နိုင်ငံမှ ယန်စီမြစ် ၏ နှစ်စဉ် အနည်အနှစ်ပို့ချမှုမှာ ပမာဏအားဖြင့် တန်ချိန် ၁.၆ ဘီလီယံ (တန်ချိန်သန်းပေါင်း ၁၆၀၀)ရှိသည်။

အိန္ဒိယနိုင်ငံမှ ဂင်္ဂါမြစ်၏ နှစ်စဉ် အနည်အနှစ်ပို့ချမှုမှာ ပမာဏအားဖြင့် တန်ချိန် ၃.၂ ဘီလီယံ (တန်ချိန်သန်းပေါင်း ၃၂၀၀)ရှိသည်။

မြန်မာနိုင်ငံရှိ ဧရာဝတီမြစ်၏ နှစ်စဉ်အနည်အနှစ်ပို့ချမှုမှာ တန်ချိန်သန်းပေါင်း (၂၃၆)သန်းရှိသည်။


4 comments:

  1. movavi-photo-editor-crack-2
    provides a large number of tools that can perform simple tasks like cropping. It provides filters and effects and the more complex ones, such as basic photo retouching. Supports BMP, PNG, GIF, TIFF, JPEG + JPEG 2000, JPEG-LS, JPEG, DPX profile,
    freeprokeys

    ReplyDelete
  2. Speedify Crack Such a nice and helpful piece of information. I’m so happy that you shared this helpful information with us. Please keep us up to date like this. Thanks for sharing. Visit My site

    ReplyDelete
  3. WPS Office Premium crack creates more unequivocal photographs and makes games, video web based, and media altering smoother. You can likewise appreciate more clear, more excellent sound through the refreshed sound driver.

    ReplyDelete