09 November 2012

စကုမြို့၏ သီတင်းကျွတ်လပြည့်ည


သီတင်းကျွတ်လပြည့်နေ့ကို ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့သာမကကမ္ဘာအရပ်ရပ်ရှိဗုဒ္ဓဘာသာဝင် တိုင်းအတွက်အထူးအလေးအမြတ် ထားအပ်သော နေ့ထူးနေ့မြတ်ဖြစ်ပါသည်။   ဘုရားရှင် တာဝတိံသာ နတ်ပြည်တွင် ဟောကြားတော်မူသောအဘိဓမ္မာ  တရားတော်သည်မိခင်ဖြစ်ခဲ့ဘူးသော သန္တုဿိတ နတ်သားအား ဦးတည်အမှူးထား၍ ဟောကြားခဲ့သည့် တရားတော်ဖြစ်ခြင်း၊  အဘိဓမ္မာ တရားတော်အား နားကြားရ ကုန်သော မရည်မတွက်နိုင်သော နတ်ဗြဟ္မာများ.... ကျွတ်တန်းဝင်ရခြင်းတည်းဟူသောဝိသေ သများကြောင့်  မိဘကျေးဇူးဆပ်တရားတော်အဖြစ် ဗုဒ္ဓဘာသာဝင်များက စွဲယူသတ်မှတ်ထားခြင်းကြောင့် သီတင်းကျွတ်လပြည့်နေ့တွင် မိဘများအားအထူးအားဖြင့်ပူဇော်ကန်တော့ခြင်း၊ မိဘများ၏ မိခင်ဖခင်များ ဖြစ်သော အဘိုးအဘွားများအားအထူးအားဖြင့် ပူဇော်ကန်တော့ခြင်း၊  မိဘနှင့် တစ်ဂိုဏ်းတည်းဖြစ်သော  ဆရာသမားများအားလည်း မိဘကဲ့သို့ ကျေးဇူးရှိသူများအဖြစ် ပူဇော်ကန်တော့ခြင်းများကို အစဉ်အလာ မပျက် ဆောင်ရွက်လာခဲ့ကြပါသည်။


သီတင်းကျွတ်လပြည့်နေ့၏ ညချမ်းချိန်ခါတွင်လည်းထိန်ထိန်ညီးသောလပြည့်ဝန်းနှင့်အပြိုင် တာဝတိံသာ နတ်ပြည်မှ လူ့ပြည်လူ့ရွာ သင်္ကဿနဂိုရ်ပြည်သို့ ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းမှ ဆင်းသက်ကြွချီတော်မူသောသုံးလူ့ထွဋ်တင် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဆီမီအလင်းတိုင်များကို တတ်စွမ်းသမျှ ထွန်းညှိပူဇော်ကြလေသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မကွေးတိုင်းဒေသကြီး၊ စကုမြို့တွင်လည်း မြတ်ဗုဒ္ဓအား ရည်မှန်း ပူဇော်၍ ဘုရားစေတီများတွင် ဗုဒ္ဓဘာသာဝင်တို့သည် ပန်း၊ ဆီးမီးများ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။


စကုမြို့၊ မာတုလာဂီရိ ထေရ်ကြီးစေတီတော်

စကုမြို့၊ နေရဗ္ဗာန်စေတီတော်
စကုမြို့၊ သကျမဉ္ဖူစေတီတော်

မြန်မာသက္ကရာဇ် ၁၃၇၄ ခု၊ သီတင်းကျွတ်လပြည့်နေ့ စကုမြို့
စကုမြို့၊ ရွှေဘုံသာစေတီတော်



No comments:

Post a Comment