ဗုဒ္ဓဘာသာ ဆိုသည်မှာ မြတ်ဗုဒ္ဓဘုရားရှင်၏ အဆုံးအမ များပင်ဖြစ်သည်။ မြတ်ဗုဒ္ဓဘုရားရှင်၏ အဆုံးအမ များသည် လူသားများနှင့် သတ္တဝါအားလုံးတို့အား လိမ္မာအောင်ဆုံးမ၍ လမ်းမှန်ကို ပြနိုင်ပေသည်။ ပထမ မြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့သော ဘိုးဘေးတော် အနော်ရထာမင်းသည် သူ၏ ခေတ်တွင်တွေ့နေရသော အယူအဆအလွဲအမှား မိစ္ဆာ အရည်းကြီးတို့၏အယူဝါဒများကို တွန်းလှန် ပယ်ဖျက်လျက် လူသားများနှင့်တကွ သတ္တဝါအားလုံးတို့အား ငြိမ်းအေးချမ်းသာမှုကို ပေးနိုင်စွမ်းသော ဗုဒ္ဓသာသနာတော်ကို ရဲရင့်သတ္တိရှိစွာဖြင့် ကျင့်သုံးခဲ့သည်။ ကျွန်ုပ်တို့၏ မျိုးရိုးစဉ်ဆက်မပြတ် လက်ဆင့် ကမ်း ကျင့်သုံးလာခဲ့သော ဗုဒ္ဓသာသနာတော်ကို ဆက်လက်တာဝန်ထမ်းဆောင်ရန်မှာ ဗုဒ္ဓဘာသာဝင် တို့၏ မွေးရာပါတာဝန်ဖြစ်သည်။
 |
စကုမြို့၊ ဗုဒ္ဓသာသနာ့အမွေခံ စုပေါင်းရှင်ပြုအလှူတော် |
ဗုဒ္ဓသာသနာတော်ကို မျိုးဆက်သစ်ဗုဒ္ဓဘာသာဝင်များအား လက်ဆင့်ကမ်း နိုင်ရန်အလို့ငှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စကုမြို့တွင် ဗုဒ္ဓသာသနာ့ အမွေခံ စုပေါင်းရှင်ပြုအလှူတော် ကို မြန်မာသက္ကရာဇ် ၁၃၇၄ ခု၊ သီတင်းကျွတ်လပြည့်ကျော်(၄/၅) ခရစ် သက္ကရာဇ် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ(၃/၄) တွင် ကျင်းပခဲ့ကြသည်။
အူမ မတောင့်သော်လည်း သီလစောင့်နိုင်ရမည် ဟူသော ဆောင်ပုဒ်ကို သက်သေပြနိုင်ရန်အတွက် ရှင်သာမဏေပြုရန်ခက်ခဲသော မိသားစုများကို စကုမြို့နေ စေတနာရှင် ဗုဒ္ဓဘာသာဝင်များက ရှင်သာမဏေ အပါး(၃၀)တို့အား ဗုဒ္ဓသာသာနာတော်သို့ သွတ်သွင်းချီးမြှောက်ခဲ့ပါသည်။
 |
စကုမြို့၊ ဗုဒ္ဓသာသနာ့အမွေခံ စုပေါင်းရှင်ပြုအလှူတော် |
 |
စကုမြို့၊ ဗုဒ္ဓသာသနာ့အမွေခံ စုပေါင်းရှင်ပြုအလှူတော် |
 |
စကုမြို့၊ ဗုဒ္ဓသာသနာ့အမွေခံ စုပေါင်းရှင်ပြုအလှူတော် |
 |
စကုမြို့၊ ဗုဒ္ဓသာသနာ့အမွေခံ စုပေါင်းရှင်ပြုအလှူတော် |
ဗုဒ္ဓသာသနာ့ကို ကမ္ဘာပတ်လုံးကျင့်သုံးစောင့်ရှောက်နိုင်ကြပါစေသော်
လူ နတ် ဗြဟ္မာ သတ္တဝါအားလုံး သာဓုခေါ်နိုင်ကြပါစေသော် သာဓု . . . သာဓု . . . သာဓု
No comments:
Post a Comment