27 January 2013

စကုမြို့တွင် အမေနေ့ အခမ်းအနားကျင်းပ

စကုမြို့တွင် အမေနေ့အခမ်းအနားကျင်းပ
၁၃၇၄ ခု၊ ပြာသိုလပြည့်နေ့ ၂၆ရက် ဇန်န၀ါရီလ ၂၀၁၃

၁၃၇၄ ခု၊ ပြာသိုလပြည့်နေ့ ၌ စကုမြို့၊ မြို့တွင်းကျောင်း ၊ စပယ်ဦးပညာဒါနကျောင်းတွင် အမေ့နေ့ အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။ စာရေးဆရာကြီး ဦးသုခ မှအစပြုခဲ့သော အမေ့နေ့ကို စကုမြို့တွင် ကျင်းပခဲ့သည်မှာ ဒုတိယအကြိမ်သို့ ရောက်ရှိခဲ့ပြီဖြစ် သည်။
အမေ့ ကျေးဇူး အောက်မေ့ကျေးဇူးသိရန် နှင့် မြန်မာစာပေကို မြန်မာလူမျိုးများ တန်ဘိုးထား ရေးသား   မြှင့်တင်ကြရန် ရည်ရွယ်ကျင်းပခဲ့သည်ဟု စပယ်ဦး ပညာဒါနကျောင်းဆရာတော် ဦးတိလောက  က မိန့်ကြားပြောဆိုသည်။


အခမ်းအနားသို့ အမေနေ့ အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံး ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများ၊ မင်းဘူး - စကုမြို့နယ် စာရေးဆရာများအသင်း၊ ကဗျာ စာပေ ၀ါသနာရှင်များ နှင့် ဖိတ်ကြားထားသူများ (၈၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို အနန္တော အနန္တ ငါးပါး၏ ဂုဏ်ကျေးဇူးကို အောက်မေ့ရည်းမှန်းခြင်းဖြင့် စတင်ခဲ့သည်။  ဆရာတော် ဦးတိလောက  က အမေ့နေ့ ကျင်းပရခြင်း၏ရည်ရွယ်ချက်၊ ရည်မှန်းချက်များ ကို ပြောကြားခဲ့ပြီးနောက် ဦးသန်းထွန်း(အောင်သန်းစိုး  - ပညာရေး) နှင့် ဦးအေးကြည်စိန် တို့မှ အမေ့နေ့ အထိမ်းအမှတ် အမေ့ကျေးဇူးတို့ကို ဟောပြောခဲ့ကြသည်။


ကျောင်းသူ တစ်ဦးမှလည်း အမေ့ကျေးဇူးကို ဖော်ကျူးသော သီချင်းကို ဂုဏ်ပြုသီဆိုခဲ့သည်။

ထို့နောက် အမေနေ့ အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံး ဆုရကျောင်းသားများအား ဆုချီးမြှင့်ခဲ့ကြသည်။ ဆရာတော် ဦးတိလောက က လာမည့် တပေါင်းလပြည့်နေ့ တွင် လည်း အဖေနေ့ အထိမ်းအမှတ် အခမ်း အနားကျင်းပမည်ဖြစ်ကြောင်း ပြောကြားကာ အမေနေ့ အထိမ်းအမှတ်အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့သည်။

 အမေနေ့ အမှတ်တရ စကားများ


No comments:

Post a Comment