လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့သော မျိုးဆက်သစ်လူငယ်များပေါ်ထွက်လာရေး ရည်မှန်းလျှက် စကုမြို့ရှိ အခြေခံပညာမူလတန်းကျောင်းများတွင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် ဒုတိယအကြိမ်မြောက် အာဟာရဒါနပြုပွဲကို စကုမြို့လူငယ်များက ဦးစီးကျင်းပ ခဲ့ကြသည်။ ဖောင်တန်းရပ် အခြေခံပညာမူလတန်းကျောင်း၊ ရွှေတိုင်ရပ် အခြေခံပညာမူလတန်းကျောင်း၊
အောင်သုခ အခြေခံပညာမူလတန်းကျောင်း များသို့ ပေါင်မုန့်အုန်းနို့ဆမ်းများ ဒါနပြုကာ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ အမှန်တရားမြတ်နိုးမှု၊ ရိုးသားမှု၊ သတ္တိရှိမှု၊ ရဲရင့်ပြတ်သားမှုများကို ကလေးငယ်များအား ပြောကြား၍ အောင်ဆန်းကဗျာအား ရွတ်ဆိုခဲ့ကြသည်။
.jpg) |
ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် ပထမအကြိမ်ကျင်းပခဲ့စဉ် |
.jpg) |
ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် ပထမအကြိမ်ကျင်းပခဲ့စဉ် |
No comments:
Post a Comment