10 January 2013

မင်းဘူး၊ စကုမြို့နယ်ကုလားပါးကျေးရွာ၌ဘာသာစုံဂုဏ်ထူးရှင်အား ချီးကျူးဂုဏ်ပြုပွဲကျင်းပ

မင်းဘူး၊ စကုမြို့နယ်ကုလားပါးကျေးရွာ၌ဘာသာစုံဂုဏ်ထူးရှင်အား ချီးကျူးဂုဏ်ပြုပွဲကျင်းပ
မကွေးတိုင်းဒေသကြီး မင်းဘူး၊ စကုမြို့နယ်၊ ကုလားပါးကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ချို၊ ဒေါ်တင်တင်ဝင်းတို့က ဘာသာစုံဂုဏ်ထူးရှင်အား ချီးကျူးဂုဏ်ပြုပွဲကို ဇွန် ၂၃ ရက် စနေနေ့ နံနက် ၇ နာရီမှ နေ့လယ် ၁၂ နာရီအထိ ၄င်းတို့ ၏ နေအိမ်တွင်းကျင်းပခဲ့ကြောင်းသိရသည်။

    ဘာသာစုံ ခြောက်ဘာသာဂုဏ်ထူးရှင်မှာ ၂ဝ၁၂ ခုနှစ် မတ်လတွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲ၌ ပွင့်ဖြူမြို့နယ်၊ ကုန်းဇောင်းမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ခုံအမှတ်(ဖဋ-၂၁)ဖြင့် ဝင်ရောက်ဖြေဆိုခဲ့ သူ မင်းဘူး၊ စကုမြို့နယ်၊ ကုလား ပါးကျေးရွာနေ ဦးမောင်ချို၊ ဒေါ်တင်တင်ဝင်း တို့၏ သမီးထွေးမခင်သန္တာချိုဖြစ်ပြီး သမီးဖြစ်သူ၏ ထူးချွန်စွာအောင်မြင်မှု အတွက် မိဘနှစ်ပါးက ချီးကျူးဂုဏ်ပြုပွဲတစ်ရပ် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
    ဘာသာစုံဂုဏ်ထူးရှင် မခင်သန္တာချိုသည် ပွင့်ဖြူမြို့နယ်၊ ကုန်းဇောင်းမြို့ ဦးနိုင်ဝင်း၊ ဒေါ်ထွေးရီတို့ တည်ထောင်ဖွင့်လှစ်သော ပညာရဲရင့် ဘော်ဒါတွင် စနစ်တကျပညာသင်ယူ၍ဖြေဆိုခဲ့ရာမှ ယခုကဲ့သို့ခြောက်ဘာသာ ဂုဏ်ထူးရှင်အဖြစ် ထူးချွန်စွာအောင်မြင် ခဲ့ခြင်းဖြစ်သည်။ ဘာသာစုံဂုဏ်ထူးရှင် ချီးကျူးဂုဏ် ပြုပွဲသို့ ပညာသင်ဖော်ကျောင်းသား ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေးရုံးဝန်ထမ်းများ တက်ရောက် ဂုဏ်ပြုခဲ့ကြကြောင်းသိရသည်။
မောင်ပြုံးချို(စကု)

source: http://www.zaygwet.com/local_news_detail.php?id=4876

No comments:

Post a Comment