10 January 2013

စကုမြို့ မန်းချောင်းတံတား၌ တန်ပိုတင်ခွင့်မပြု၍ ယာဉ်ငယ်တို့ကယ်ရီအလုပ်ဖြစ်

စကုမြို့ မန်းချောင်းတံတား၌ တန်ပိုတင်ခွင့်မပြု၍ ယာဉ်ငယ်တို့ကယ်ရီအလုပ်ဖြစ်

မကွေးတိုင်းဒေသကြီးတွင် တည်ဆောက်ထားသော မန်းချောင်းတံတားကြီး ပေါ်သို့  ကုန်တင်မော်တော်ယာဉ် ကြီး များဖြင့် နေ့စဉ်ဖြတ်သန်းမောင်းနှင်လျက်ရှိရာ ခွင့်ပြုတန်ချိန်ထက်ပို၍တင်ပြီး ဖြတ်သန်းခွင့်မပြုကြောင်း သိရသည်။
    ''များသောအားဖြင့်  ကုန်ပစ္စည်းအပြည့်တင်ပြီး ရန်ကုန်၊ မန္တလေး၊ ပုသိမ်၊ မုံရွာ ခရီးဝေးကုန်တင် ဆယ်ဘီးကား၊ ၁၄ ဘီးကားတွေမှာ တန်ပိုတွေတွေ့ရတာပါ။ တံတားကြီးရဲ့ နှစ်ပေါင်းများစွာ တောင့်တင်းစေဖို့ စည်းကမ်းတကျ နည်းလမ်းတကျဆောင် ရွက်ချက်တွေကို သဘောပေါက်နားလည်စွာ လက်ခံကြဖို့လိုပါတယ်''ဟု ယာဉ်လုပ်သား တစ်ဦးကပြောသည်။

    ''အမှန်တကယ် ပိုလျှံတန်ချိန်အတွက် တခြားယာဉ်ငယ်တစ်စီးကို ကယ်ရီငှားပြီး တံတားကိုဖြတ်ကူးရတာပါ။ ဒီလိုကယ်ရီ တစ်ဆင့်ငှားတဲ့နေရာမှာ ဆက်စပ်ဆက်သွယ်မှုရှိရပါတယ်။ တစ်ခဏတာအချိန်ပိုင်းလေးအတွင်း ဒီဘက်တံတားထိပ်ကနေ ဟိုဘက် တံတားထိပ်အထိဆိုတော့ တစ်ခေါက်မက နှစ်ခေါက်သုံးခေါက်အထိပြန်ပြီး ကယ်ရီဆွဲနိုင်ပါတယ်။ တံတားက သိပ်မရှည်ပါဘူး။ တန်ပိုကားတွေများများဖြတ်လေ ယာဉ်ငယ်နဲ့ကယ်ရီဆွဲရလေဆိုပါ တော့''ဟု အဆိုပါယာဉ်လုပ်သားတစ်ဦးက ရှင်းပြသည်။
    ယခုကဲ့သို့ တန်ချိန်သတ်မှတ်ချက်ဖြင့် တံတားပေါ်သို့ ဖြတ်သန်းမောင်းနှင်ခွင့်ပြုရုံမက မကြာမြင့်သောကာလတွင် တန်ပိုချိန် တွယ်မှတ်တမ်းတင်သည့် နေရာမှာပင် တံတားဖြတ်သန်းခကို ပူးတွဲကောက်ခံမှာဖြစ်ပြီး တံတားအတွက် စောင့်ရှောက်ရန် တာဝန်ခံတစ်ဦးသာထားရှိတော့မည်ထင်ကြောင်း၊ယာဉ်မောင်းနှင်သူနှင့်ယာဉ်ပိုင်ရှင်အသိုင်းအဝိုင်းမှ ပြောဆိုလျက်ရှိကြောင်းသိရသည်။
မောင်ပြုံးချို(စကု)

source: http://www.zaygwet.com/local_news_detail.php?id=5087

No comments:

Post a Comment