31 March 2013

၀၆၃၂၈၀၉၉ သို့ တိုက်ရိုက်တိုင်ကြားနိုင်ကြောင်း ကြေငြာဆိုင်းဘုတ်စိုက်ထူးထား

စကုမြို့ ၊ လွတ်လပ်ရေးကျောက်တိုင်းကွင်း နှင့် လေးတိုင်စင်လမ်းဆုံတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ ဥပဒေနှင့် ညီညွတ်မှုမရှိသော ဆောင်ရွက်ချက်များ၊ လုပ်ပိုင်ခွင့်အား အလွဲသုံးစားပြုလုပ်မှုများ၊ အဂတိလိုက်စားမှုများ နှင့် ပတ်သက်၍ ပြည်သူလူထုမှ မကွေးတိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့မှူးရုံး၏ တယ်လီဖုန်း အမှတ် ၀၆၃ ၂၈၀၉၉ သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ကြေငြာဆိုင်းဘုတ်များ ကို မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စိုက်ထူးထားသည်။


တရားဥပဒေစိုးမိုးရေး နှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် အဓိကတာဝန်ရှိသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် ၏ ပြုမူဆောင်ရွက်ချက်များအား ပြည်သူလူထုမှ ထိန်းကျောင်းတည့်မတ်နိုင်ရန် ယခုကဲ့သို့ ကြေငြာအသိပေးထားခြင်းအား ကြိုဆိုကြောင်း စကုမြို့ခံတစ်ဦးက ပြောကြားသည်။
သို့သော်လည်း ဆက်သွယ်တိုင်ကြားမှုများအား အမှန်တကယ်ဆောင်ရွက်ပေးခြင်းရှိမရှိကိုမူ စောင့်ကြည့် ရဦးမည်ဖြစ်ကြောင်း ၎င်းကပင်ပြောကြားသည်။

2 comments:

  1. ဒီလိုနဲ့ ပြီးသွားတဲ့ ကိစ္စတွေအများကြီးပါဗျာ

    ReplyDelete
  2. Anonymous11 June, 2013

    တကယ်လုပ်မလုပ်တော့ မသိဘူးပေါ့ကွာ ခုတော့ တိုင်ကြားဖို့စာထက် ပိုပြီးစာလုံးကြီးတဲ့ မမှန်မကန်သတင်းပေးရန် အရေးယူမယ်ဆိုတဲ့ စာလုံးကြီးတော့ရောက်လာပြီ

    ReplyDelete