01 April 2013

စကုမြို့၊ အောင်သုခကျောင်းတိုက်၊ဒုတိယအကြိမ်မြောက် နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဖွင့်လှစ်

စကုမြို့၊ အောင်သုခကျောင်းတိုက်၊ ဒုတိယအကြိမ်မြောက်နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဖွင့်လှစ်

လောကသားကောင်းရတနာများဖြစ်ကြသော မျိုးဆက်သစ်လူငယ်များဆိုဆုံးမလွယ်ကာ ယဉ်ကျေးလိမ္မာ၍ ဘာသာတရားကို လေးစားမြတ်နိုးတန်ဖိုးထားတတ်စေရန်။

မိမိနှင့်ပတ်ဝန်းကျင်ကို လေးစားတတ်၊ ငဲ့ညှာတတ်၊ ကူညီပံ့ပိုးတတ်ရန်နှင့် မိမိကိုယ်ကို အားကိုး၍ ယုံကြည်မှု ပြည်ဝစွာဖြင့် အမျိုး၊ ဘာသာ၊ သာသနာ၏ မြတ်နိုးဖွယ်ဂုဏ်သိက္ခာများကို ထိန်းသိမ်း စောင့်ရှောက်မြှင့်တင်တတ်စေရန်။

ဗုဒ္ဓဘာသာဝင်များ မိမိတို့၏ မြတ်ဗုဒ္ဓဟောကြားခဲ့သော မြတ်ဓမ္မများနှင့်အညီ မိမိကိုယ်ကို ထိန်းကြောင်း နိုင်ရန် တင့်တယ်လှပသော ဘ၀ပိုင်ရှင်များအဖြစ် ရယူပိုင်ဆိုင်နိုင်ကြပြီး မိမိသူတစ်ပါး နှစ်ဦးသား ပစ္စုပ္ပန်သံသရာ ကောင်းကျိုးနှစ်ဖြာတို့ တိုးပွားအောင် ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍  ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း အောင်သုခကျောင်းတိုက်ဆရာတော် ဦးစိတ္တိတ မှ မိန့်ကြားသည်။

စကုမြို့၊ အောင်သုခကျောင်းတိုက်၊ ဒုတိယအကြိမ် နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း သင်ကြားစဉ်
စကုမြို့၊ အောင်သုခကျောင်းတိုက်၊ ဒုတိယအကြိမ် နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းတက်ရောက်သူကလေးငယ်များ နှင့် ကိုရင်များ
စကုမြို့၊ အောင်သုခကျောင်းတိုက်တွင် ဖွင့်လှစ်သင်ကြားသော ဒုတိယအကြိမ်မြောက် နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းသို့ စကုမြို့၊ ရပ်ကွက်များမှ ကလေးငယ်(၈၈)ဦးခန့်တက်ရောက်ခဲ့ကြသည်။
နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို အောင်သုခကျောင်းတိုက်မှ ရဟန်းတော်များဖြစ်သော ဦးသုဇန၊ ဦးဇ၀န၊ ဦးပညာသီဟ တို့က သင်ကြားပို့ချသည်။

No comments:

Post a Comment