၈.၆.၂၀၁၃ ရက်နေ့က တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းထုတ်ပြန်ခဲ့ရာ စကုမြို့ စာစစ်ဌာနမှ
ဖြေဆိုသူပေါင်း (၃၇၅)ဦးရှိရာ (၁၅၆)ဦးအောင်မြင်ခဲ့ရာ အောင်ချက်ရာခိုင်နှုန်း ၄၁.၆ ရာခိုင်နှုန်းရှိသည်။
ဖြေဆိုအောင်မြင်သူများတွင်
လေးဘာသာဂုဏ်ထူးရှင် - (၂)ဦး
သုံးဘာသာဂုဏ်ထူးရှင် - (၁)ဦး
နှစ်ဘာသာဂုဏ်ထူးရှင် - (၅)ဦး
တစ်ဘာသာဂုဏ်ထူးရှင် - (၂၄)ဦး ရှိသည်။
(၄)ဘာသာဂုဏ်ထူးရှင် နှစ်ဦးမှာ ခုံအမှတ်- ဖမ ၃၁ မ၀င်းစန္ဒာနိုင် နှင့် ခုံအမှတ်- ဖမ ၃၁၆ မောင်ဖြိုးသီဟ တို့ဖြစ်ကြသည်။
စကုမြို့တွင် ဘာသာရပ်သင် ကျူရှင်ကျောင်းအသီးသီးမှ အောင်မြင်သောကျောင်းသားကျောင်းသူများ၏ စာရင်းများဖြင့် ကြော်ငြာထားမှုများကို နေရာ အနှံ့ မြင်တွေ့နေရသည်။ ပညာရေးဝန်ကြီးဌာနမှ တက္ကသိုလ် ၀င်တန်းအောင်မြင်သူများစာရင်းကို အင်တာနက်လိပ်စာ www.moemyanmar.net တွင် ကြည့်ရှုနိုင်သည်ဟု ဖော်ပြထားသော်လည်း ၂၀၁၂ ခုနှစ်မှ အောင်မြင်သူများ စာရင်းဖော်ပြထားသဖြင့် အသုံးဝင်မှု မရှိကြောင်း အင်တာနက် အသုံးပြု၍ အောင် စာရင်းကြည့်ရှုခဲ့သူတစ်ဦးက ပြောဆိုသည်။
စကုမြို့၊ အ.ထ.က ကျောင်းတွင် တက္ကသိုလ်ဝင်တန်းကျောင်းသားဦးရေမှာ ယခင်နှစ်များထက် ပိုမိုများပြား လာရာ အ.ထ.က ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူ(၁၆၀၀)ကျော်သို့ ၏
ရောက်ရှိကာ စာသင်ခန်းများ မလုံလောက်မှုများနှင့် ကြုံတွေ့နေရကြောင်း၊ စာသင်ဆောင်ဆောက်လုပ် လှူဒါန်းမည့်အလှူရှင်များကို လိုအပ်နေကြောင်း အ.ထ.က ကျောင်းမှ ဆရာတစ်ဦးက ပြောကြားခဲ့သည်။
No comments:
Post a Comment