09 November 2012

ကျွန်ုပ်တို့၏ သန့်ရှင်းသာယာလှပရေးသည် အခြားနေရာ၏ ညစ်ညမ်းခြင်းမဖြစ်စေရ

မိမိနေရာသန့်ရှင်းပါစေ၊ မိမိပတ်ဝန်းကျင်သန့်ရှင်းပါစေ၊ သန့်ရှင်းခြင်းသည် ကျန်းမာရေးကို အထောက်အကူပြုသည် ဟူသော စာတန်းများကို အများနှင့်ဆိုင်သော ရုံး၊ ကျောင်း၊ ဆေးရုံ၊ လမ်းများတွင် မြင်တွေ့နေကြရသည်။ သန့်ရှင်းခြင်းနေရာများကို လူတိုင်းနှစ်သက်ကြသည်။
စကုမြို့တွင် စည်ပင်သာယာ ရေးအဖွဲ့၏ အမှိုက်သိမ်းစနစ်ဖြင့် တစ်ပတ်လျင် တစ်ရက် အမှိုက်များ သိမ်းဆည်းသည်။ ထိုသို့သိမ်းဆည်းသော အမှိုက်များကို မည်သည့်နေရာသို့ မည်သည့်နည်းလမ်းဖြင့် စွန့်ပစ်ပါသနည်း။ အမှိုက်များသိမ်းဆည်းခြင်းဖြင့် မိမိတို့၏ နေအိမ်၊ ရုံး၊ လမ်းများတွင် သန့်ရှင်းမည်ဖြစ်သော် လည်း ထိုအမှိုက်များကြောင့် အခြားနေရာများတွင် ညစ်ညမ်းသွားခြင်းသည် သင့်တော်သော ဖြစ်ရပ် မဟုတ်ပေ။

စကုမြို့၊ မန်းချောင်းနံဘေးစွန့်ပစ်ထားသောအမှိုက်ပုံမှ မီးလောင်းကျွမ်းမှုဖြစ်ပွားနေပုံ

စကုမြို့၊ မန်းချောင်းနံဘေးစွန့်ပစ်ထားသောအမှိုက်ပုံမှ မီးလောင်းကျွမ်းမှုဖြစ်ပွားနေပုံ

စကုမြို့၊ မန်းချောင်းနံဘေးစွန့်ပစ်ထားသောအမှိုက်ပုံမှ မီးလောင်းကျွမ်းမှုဖြစ်ပွားနေပုံ
စကုမြို့တွင် နေ့စဉ်သိမ်းဆည်းသော အမှိုက်များကို မန်းချောင်းနံဘေးတွင် စုပုံထားရာ မန်းချောင်း၏ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည့်အပြင် မီးဘေးစိတ်မချရခြင်း၊ မီးလောင်းခြင်းများကြောင့် မီးခိုးငွေ့ များ လူနေရပ်ကွက်များသို့ ပြန့်လွင့်လာခြင်းများကြား အများပြည်သူများ၏ ကျန်းမာရေးထိခိုက်ခြင်းများ ဖြစ်ပွားနိုင်ပါသည်။ သို့ဖြစ်ပါ၍ နေ့စဉ် အမှိုက်သိမ်းဆည်းခြင်းများ ဆောင်ရွက်ခြင်းနည်းတူ အမှိုက်များစွန့်ပစ် မှုကိုလည်း စနစ်တကျဆောင်ရွက်သင့်ပါသည်။

No comments:

Post a Comment