၉၂ နှစ်ပြည့် အမျိုးသားနေ့အခမ်းအနားကျင်းပစဉ် |
အခမ်းအနားဖြစ်မြောက်ရေးအတွက် စကုမြို့အများပြည်သူများမှ အလှူငွေများထည့်ဝင်ခဲ့သည်။ အခမ်းအနားကို မွန်းလွဲ(၂း၃၀)အချိန်တွင်စတင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ စာကြည့်တိုက်သို့ စာဖတ် လာရောက်ကြသော ကလေးငယ်များ၊ ကျောင်းသားများ နှင့် စာကြည့်တိုက်ကော်မတီဝင်များ စုစုပေါင်း (၈၀) ဦးခန့် လာရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဦးအေးကြည်စိန်၊ ဦးမြင့်သိန်း၊ ဦးသန်းထွန်း(သန်းထွန်း-စကု)၊ ဦးသန်းထွန်း(အောင်သန်းစိုး - ပညာရေး)တို့မှ တက်ရောက်လာကြသူများအား အမျိုးသားနေ့နှင့် ပတ်သက်သော သိကောင်းစရာများ၊ အမျိုးသားရေးစိတ်ဓာတ်များခိုင်မာနိုးကြားစေရန် ဟောပြောခဲ့သည်။
ဦးအေးကြည်စိန်မှ အမျိုးသားနေ့အကြောင်း ဟောပြောနေစဉ် |
၉၂ နှစ်ပြည့် အမျိုးသားနေ့တွင် စကားစွမ်းရည်ပြိုင်ပွဲဝင်နေသောကျောင်းသားတစ်ဦး |
၉၂ နှစ်ပြည့် အမျိုးသားနေ့တွင် စကားစွမ်းရည်ပြိုင်ပွဲဝင်နေသော ကျောင်းသားတစ်ဦး |
၉၂ နှစ်ပြည့် အမျိုးသားနေ့တွင် အောင်သန်းစိုး(ပညာရေး)မှ ဟောပြောနေစဉ် |
၉၂ နှစ်ပြည့် အမျိုးသားနေ့ စကားစွမ်းရည်ပြိုင်ပွဲဝင်တစ်ဦးအား ဦးဟံထွန်း မှ ဆုပေးအပ်နေစဉ် |
၉၂ နှစ်ပြည့် အမျိုးသားနေ့ စကားစွမ်းရည်ပြိုင်ပွဲဝင်တစ်ဦးအား မောင်ကြည်မော် - စကု မှ ဆုပေးအပ်နေစဉ် |
၉၂ နှစ်ပြည့် အမျိုးသားနေ့ တွင် ကြာဇံဟင်းခါးဖြင့် ကျွေးမွေးဧည့်ခံနေစဉ် |
ထို့နောက် အခမ်းအနားအစီအစဉ်တရပ်အနေဖြင့် မြန်မာ့ယဉ်ကျေးမှုကို တိုးတက်အောင် ထိန်းသိမ်းဆောင်ရွက်ရာတွင် အမျိုးသား နှင့် အမျိုးသမီး မည်သူက သာသည် ဟူသော ခေါင်းစဉ်ဖြင့် စကားစွမ်းရည်ပြိုင်ပွဲ ကို ကျင်းပခဲ့သည်။ စကားစွမ်းရည်ပြိုင်ပွဲ ကို အဋ္ဌမတန်း ကျောင်းသား၊ ကျောင်းသူ(၂)ဦး၊ န၀မတန်းကျောင်းသား၊ ကျောင်းသူ(၂)ဦးတို့ ယှဉ်ပြိုင်ခဲ့ကြသည်။ စကားစွမ်းရည်ပြိုင်ပွဲပါဝင်ယှဉ်ပြိုင်သူ များကို ဆုများချီးမြှင့်ပေးအပ်ပြီးနောက် တက်ရောက်လာသူများကို ကြာဇံဟင်းခါးဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြသည်။
No comments:
Post a Comment