၁-၁၂-၂၀၁၂(စနေနေ့)တွင် မင်းဘူးမြို့နှင့် စကုမြို့ကြားကားလမ်းတွင် ကောင်းမွန်ဆောက်လုပ်ရေးကုမ္ပဏီ လမ်းတံတားကောက်ခံရေးဂိတ်၌ နံနက်(၉း၃၀)ခန့်တွင် အချိန်တနိုင်တပိုင်သယ်ယူလုပ်ကိုင်နေသော သုံးဘီးဆိုင်ကယ်ယာဉ် တို့အား တန်ပိုကတ္တားချိန်ခိုင်းရာမှ ပဋိပက္ခဖြစ်ပွားခဲ့သည်။ ယခင်က သုံးဘီး ဆိုင်ကယ်ယာဉ်များသည် တနိုင်တပိုင်ပစ္စည်းများကို လွတ်လပ်စွာသယ်ယူနိုင်ခဲ့ကြရာမှ ယနေ့နံနက်တွင်မှ သုံးဘီးဆိုင်ကယ်ယာဉ် များကို တန်ပိုကတ္တားချိန်ရမည်ဟုဆိုရာ သုံးဘီးဆိုင်ကယ်ယာဉ်များမှ ပေးဆောင်နိုင်ခြင်းမရှိသဖြင့် ယာဉ်(၂၀)စီးခန့် ထွက်ခွာနိုင်ခြင်းမရှိဘဲ နံနက်(၉း၃၀)မှ (၁၁း၀၀)နာရီခန့်အထိ ယာဉ်ကြောပိတ်ဆို့နေခဲ့သည်။
 |
စကု-မင်းဘူးကားလမ်း၊ ကောင်းမွန်ဆောက်လုပ်ရေးကုမ္ပဏီ
လမ်းတံတားကောက်ခံရေးဂိတ်တွင်ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားပုံ |
 |
စကု-မင်းဘူးကားလမ်း၊ ကောင်းမွန်ဆောက်လုပ်ရေးကုမ္ပဏီ
လမ်းတံတားကောက်ခံရေးဂိတ်တွင်ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားပုံ |
မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ လမ်းတံတားအင်ဂျင် နီယာတို့ လာရောက်ကာ နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ရာ ကောင်းမွန် ကုမ္ပဏီမှ လိုက်လျောပေး၍ ယာဉ်များထွက်ခွာနိုင်ခဲ့သည်။ ကောင်းမွန်ဆောက်လုပ်ရေးကုမ္ပဏီသည် မင်းဘူး-တညောင် လမ်းပိုင်း အတွက် B.O.T စနစ်ဖြင့် လုပ်ပိုင်ခွင့်ရရှိထားရာ မင်းဘူး-စကု-ပွင့်ဖြူ-စလင်း လမ်းပိုင်းများတွင် လမ်းတံတားကြေးများကောက်ခံရာတွင် မြစ်အရှေ့ဘက်ကမ်း လမ်းပိုင်းများတွင် ကောက်ခံမှုများထက် ပိုမိုပေးဆောင်နေရကြောင်း ခရီးသွားယာဉ်ပိုင်ရှင်များက ပြောဆိုနေကြသည်။
No comments:
Post a Comment