19 December 2012

ပန်းပျိုးသူ ပညာဒါန ပညာသင်ကျောင်း


ပန်းပျိုးသူ   ပညာဒါန ပညာသင်ကျောင်း
စကုမြို့၊ ပန်းပျိုးသူ ပညာဒါန ပညာသင်ကျောင်း ၂၀၁၂ - ၂၀၁၃ ပညာသင်နှစ်


ဆောင်ပုဒ်
 ပညာပါရမီ    ကူညီဖြည့်ပေး     ပြည့်ရင်သွေး
တည်နေရာ
မကွေးတိုင်းဒေသကြီး၊ မင်းဘူး-စကုမြို့နယ်၊ စကုမြို့၊ အမှတ်(၂)ရပ်ကွက်၊ ရွှေပန်းရုံရပ်၊
မဟာဝိသုတာရာမိက ရွှေပန်းရုံကျောင်း။


ပန်းပျိုးသူ ပညာဒါန ပညာသင်ကျောင်း တည်ထောင်သူ ဆရာတော် ဦးဝေပုလ္လ


ဆက်သွယ်ရန်
ဆရာတော်ဦးဝေပုလ္လ - ၀၆၅-၄၀၁၅၃၊ ၀၉၄၄၀၂၂၃၅၀၁၊ ဦးသက်ခိုင်မြင့် - ၀၉၄၀၁၅၃၁၁၇၅
ရည်မှန်းချက်

၁။ အခြေခံပညာကျောင်းများတွင် ပညာသင်ယူရန် ခက်ခဲလျက်ရှိသည့် ကျောင်းသားလူငယ်များအား
     လူမျိုးမရွေး၊ ဘာသာမရွေး ပညာဆက်လက်သင်ယူနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်ရေး။
၂။ ကျောင်းသားလူငယ်များ တက္ကသိုလ်ပညာ ဆက်လက်သင်ယူနိုင်ရေး။
၃။ အခြေခံလူတန်းစားများ၏ ဘ၀ကို ပညာရေးမှစ၍ ကူညီမြှင့်တင်ပေးနိုင်ရေး။
၎။ ဘာသာရေးကို အခြေခံ၍ အသိပညာပြည့်ဝသော၊ တာဝန်သိတတ်သော အနာဂတ်သားကောင်း
     ရတနာများမွေးထုတ်ပေးနိုင်ရေး။

၅။ စာသင်ကျောင်းများအား အခြေပြု၍ အသိပညာ၊ အတတ်ပညာ ပြည့်ဝသော လူ့အဖွဲ့အစည်းတစ်ရပ်
    ဖြစ်ပေါ်လာစေရေး။


နောက်ခံသမိုင်း

အရွယ်ရောက်စ လူငယ်လူရွယ်လေးများ စာသင်ကျောင်းနှင့် ကင်းဝေးပြီး လေလွင့်ပျက်စီးနေရခြင်း၊
စားဝတ်နေရေးအတွက် ပန်ပမ်းကြီးစွာ အလုပ်လုပ်ကိုင်နေရခြင်းများအား မြင်တွေ့နေရပြီး ၄င်းအခက်အခဲ
များအားအဆင်ပြေစေလိုသော ရည်ရွယ်ချက်ဖြင့် ဆရာတော် ဦးဝေပုလ္လ၏ စေတနာ၊ မေတ္တာ၊ ဂရုဏာကို 
အခြေခံ၍ စကုမြို့ရှိ ကျောင်းထိုင် ဆရာတော်ကြီးများ၏ သြ၀ါဒနှင့်အညီ ပညာတိုးတက်ရေးကို 
 လိုလားသော လူကြီးလူငယ်များ၏ ကြိုးပမ်းမှုဖြင့် (၂၉၊၆၊၂၀၀၉)(စနေနေ့)တွင် စတင်ဖွင့်လှစ်သင်ကြား
ပေးနိုင်ခဲ့ပါသည်။

စတင်ဖွင့်လှစ်စဉ်က ၂၀၀၉-၂၀၁၀ ပညာသင်နှစ် အခြေခံပညာ အဋ္ဌမတန်း၊ န၀မတန်း အတွက်
ကျောင်းပြင်ပ(ကျူရှင်) ပညာရေးကိုသာ အခြေပြုခဲ့သော်လည်း ပညာသင်ယူရန် ခက်ခဲသော
 ကျောင်းသားမိဘများ၏ ပန်ကြားမှုနှင့်လိုအပ်ချက်အရ ၄င်းစာသင်နှစ်တွင်ပင် တက္ကသိုလ်ဝင်တန်း
(ပြင်ပဖြေဆိုသူများ)အတွက် သင်ကြားပေးခြင်းနှင့် ညစာကြည့်ချိန်များ ခေါ်ယူ၍ လေ့ကျင့်ပေးခြင်းများ
ပြုလုပ်ပေးခဲ့ပါသည်။ 
ပန်းပျိုးသူ ပညာဒါန ပညာသင်ကျောင်း ပညာဒါနပြုဆရာ၊ ဆရာများ

ပန်းပျိုးသူ ပညာဒါန ပညာသင်ကျောင်း ပညာဒါနပြုဆရာ၊ ဆရာများ


အနာဂတ်လုပ်ငန်းစဉ်

၁။ ပန်းပျိုးသူ ပညာဒါနစာသင်ကျောင်းမှ ပေါ်ထွက်လာသော ထူးချွန်ထက်မြက်သည့် ကျောင်းသား
ကျောင်းသူများအား သက်ဆိုင်ရာ တက္ကသိုလ်များ၌ ပညာသင်ကြားခွင့်ရရှိရေး ကြိုးပမ်းဆောင်ရွက်သွားရန်။
၂။ အောင်မြင်သွားသောကျောင်းသားကျောင်းသူများအား စံနမူနာထားပြီး ကျောင်းသား ကျောင်းသူများ
အား ပညာသင်ယူလိုစိတ်တိုးမြင့်ကာ အစွမ်းကုန်ကြိုးစားအားထုတ်လိုသည့် ပညာဝန်းကျင်တစ်ခု
တည်ဆောက်ပေးနိုင်ရန်။
၃။ ပန်းပျိုးသူ ပညာဒါနပညာသင်ကျောင်း အခြေပြု ကျောင်းစာကြည့်တိုက် တည်ထောင် ၍ ကျောင်းသားများ၏ဘ၀များနှင့်အတူ မိဘများ၏ဘ၀များ၊ ၄င်းတို့၏ ပတ်ဝန်းကျင်ရှိဘ၀များ ဆက်စပ် တိုးတက်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန်။
၎။ အသိပညာပြည့်ဝသော လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်နိုင်ရန်။

ပညာရေးဆောင်ရွက်ချက်များ

၂၀၀၉ - ၂၀၁၀ ပညာသင်နှစ်တွင်
                     အဋ္ဌမတန်းကျောင်းသားကျောင်းသူများအား အင်္ဂလိပ်၊ သင်္ချာ ဘာသာရပ်များနှင့် ဘာသာရေး၊ လူမှုရေးအခြေခံများ သင်ကြားပို့ချပေးနိုင်ခဲ့ပါသည်။
                      န၀မတန်းကျောင်းသားကျောင်းသူများအား အင်္ဂလိပ်၊ သင်္ချာ ဘာသာရပ်များနှင့် ဘာသာရေး၊ လူမှုရေး အခြေခံများ သင်ကြားပို့ချပေးနိုင်ခဲ့ပါသည်။
                       တက္ကသိုလ်ဝင်တန်း(ပြင်ပဖြေဆိုသူများ)အား မြန်မာစာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊
ဘောဂဗေဒ ဘာသာရပ်များ သင်ကြားပေးမှုနှင့် ညစဉ် လေ့ကျင့်ကျက်မှတ်ချိန်များထားရှိပြီး တာဝန်ယူ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
                       ပန်းပျိုးသူ ပညာဒါနကျောင်း၌ သင်ကြားပေးခဲ့သော စေတနာဆရာ၊ ဆရာမဦးရေ(၁၅)ဦး ရှိခဲ့ပြီး တက်ရောက်ပညာသင်ကြားခဲ့သူဦးရေမှာ အဋ္ဌမတန်း (၄၉)ဦး၊ န၀မတန်း(၁၀)ဦး၊ တက္ကသိုလ်ဝင်တန်း
(၂၉)ဦးရှိခဲ့ပြီး၊ အဋ္ဌမတန်းတွင် ၀င်ရောက်ဖြေဆိုသူ(၁၇)ဦး၊ အောင်မြင်သူ(၁၇)ဦး၊ န၀မတန်းတွင် ၀င်ရောက် 
ဖြေဆိုသူ (၁၀)ဦး၊ အောင်မြင်သူ(၈)ဦး၊ တက္ကသိုလ်ဝင်တန်းတွင် ၀င်ရောက်ဖြေဆိုသူ(၁၂)ဦး ၊ အောင်မြင်သူ
(၇)ဦး (ဘောဂဗေဒ ဂုဏ်ထူး(၁)ဦး)ရှိခဲ့ပါသည်။

၂၀၁၀ - ၂၀၁၁ ပညာသင်နှစ်တွင်
                     အဋ္ဌမတန်းကျောင်းသားကျောင်းသူများအား အင်္ဂလိပ်၊ သင်္ချာ ဘာသာရပ်များနှင့် ဘာသာရေး၊ လူမှုရေးအခြေခံများ သင်ကြားပို့ချပေးနိုင်ခဲ့ပါသည်။
                      န၀မတန်းကျောင်းသားကျောင်းသူများအား အင်္ဂလိပ်၊ သင်္ချာ ဓာတုဗေဒ၊ ရူပဗေဒ ဘာသာရပ်များနှင့် ဘာသာရေး၊ လူမှုရေး အခြေခံများ သင်ကြားပို့ချပေးနိုင်ခဲ့ပါသည်။
                       တက္ကသိုလ်ဝင်တန်း(ပြင်ပဖြေဆိုသူများ)အား မြန်မာစာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊
ဘောဂဗေဒ ဘာသာရပ်များ သင်ကြားပေးမှုနှင့် ညစဉ် လေ့ကျင့်ကျက်မှတ်ချိန်များထားရှိပြီး တာဝန်ယူ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
                       ပန်းပျိုးသူ ပညာဒါနကျောင်း၌ သင်ကြားပေးခဲ့သော စေတနာဆရာ၊ ဆရာမဦးရေ(၁၄)ဦး ရှိခဲ့ပြီး တက်ရောက်ပညာသင်ကြားခဲ့သူဦးရေမှာ အဋ္ဌမတန်း (၁၃)ဦး၊ န၀မတန်း(၁၀)ဦး၊ တက္ကသိုလ်ဝင်တန်း
(၆၉)ဦးရှိခဲ့ပြီး၊ အဋ္ဌမတန်းတွင် ၀င်ရောက်ဖြေဆိုသူ(၁၀)ဦး၊ အောင်မြင်သူ(၉)ဦး၊ န၀မတန်းတွင် ၀င်ရောက် 
ဖြေဆိုသူ (၁၀)ဦး၊ အောင်မြင်သူ(၁၀)ဦး၊ တက္ကသိုလ်ဝင်တန်းတွင် ၀င်ရောက်ဖြေဆိုသူ(၂၉)ဦး ၊ အောင်မြင်သူ
(၁၄)ဦး (ဘောဂဗေဒ ဂုဏ်ထူး(၁)ဦး)ရှိခဲ့ပါသည်။ 

၂၀၁၁ - ၂၀၁၂ ပညာသင်နှစ်တွင်
                     အဋ္ဌမတန်းကျောင်းသားကျောင်းသူများအား အင်္ဂလိပ်၊ သင်္ချာ ဘာသာရပ်များနှင့် ဘာသာရေး၊ လူမှုရေးအခြေခံများ သင်ကြားပို့ချပေးနိုင်ခဲ့ပါသည်။
             န၀မတန်းကျောင်းသားကျောင်းသူများအား အင်္ဂလိပ်၊ သင်္ချာ ဓာတုဗေဒ၊ ရူပဗေဒ ဘာသာရပ် များနှင့် ဘာသာရေး၊ လူမှုရေး အခြေခံများ သင်ကြား ပို့ချပေးနိုင်ခဲ့ပါသည်။
                     တက္ကသိုလ်ဝင်တန်း(ပြင်ပဖြေဆိုသူများ)အား မြန်မာစာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊
ဘောဂဗေဒ ဘာသာရပ်များ သင်ကြားပေးမှုနှင့် ညစဉ် လေ့ကျင့် ကျက်မှတ်ချိန်များ ထားရှိပြီး တာဝန်ယူ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
                       ပန်းပျိုးသူ ပညာဒါနကျောင်း၌ သင်ကြားပေးခဲ့သော စေတနာဆရာ၊ ဆရာမဦးရေ(၁၇)ဦး ရှိခဲ့ပြီး တက်ရောက်ပညာသင်ကြားခဲ့သူဦးရေမှာ အဋ္ဌမတန်း (၃၇)ဦး၊ န၀မတန်း(၂၀)ဦး၊ တက္ကသိုလ်ဝင်တန်း
(၅၇)ဦး(ကျောင်းသားသစ်(၃၁)ဦး+ကျောင်းသားဟောင်း(၂၆)ဦး)ရှိခဲ့ပြီး၊ အဋ္ဌမတန်းတွင် ၀င်ရောက်ဖြေဆိုသူ (၁၂)ဦး၊ အောင်မြင်သူ(၁၁)ဦး၊ န၀မတန်းတွင် ၀င်ရောက်ဖြေဆိုသူ (၂၀)ဦး၊ အောင်မြင်သူ(၂၀)ဦး၊ တက္ကသိုလ်ဝင်တန်းတွင် ၀င်ရောက်ဖြေဆိုသူ(၄၆)ဦး ၊ အောင်မြင်သူ (၂၂)ဦး ရှိခဲ့ပါသည်။

၂၀၁၂ - ၂၀၁၃ ပညာသင်နှစ်တွင်
                     အဋ္ဌမတန်းကျောင်းသားကျောင်းသူများအား အင်္ဂလိပ်၊ သင်္ချာ ဘာသာရပ်များနှင့် ဘာသာရေး၊ လူမှုရေးအခြေခံများ သင်ကြားပို့ချပေးနိုင်ခဲ့ပါသည်။
             န၀မတန်းကျောင်းသားကျောင်းသူများအား အင်္ဂလိပ်၊ သင်္ချာ ဓာတုဗေဒ၊ ရူပဗေဒ ဘာသာရပ် များနှင့် ဘာသာရေး၊ လူမှုရေး အခြေခံများ သင်ကြား ပို့ချပေးနိုင်ခဲ့ပါသည်။
                     တက္ကသိုလ်ဝင်တန်း(ပြင်ပဖြေဆိုသူများ)အား မြန်မာစာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊
ဘောဂဗေဒ ဘာသာရပ်များ သင်ကြားပေးမှုနှင့် ညစဉ် လေ့ကျင့် ကျက်မှတ်ချိန်များ ထားရှိပြီး တာဝန်ယူ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
                    ပန်းပျိုးသူ ပညာဒါနကျောင်း၌ သင်ကြားပေးခဲ့သော စေတနာဆရာ၊ ဆရာမဦးရေ(၁၇)ဦး ရှိခဲ့ပြီး တက်ရောက် ပညာသင်ကြားခဲ့သူဦးရေမှာ အဋ္ဌမတန်း (၄၈)ဦး၊ န၀မတန်း(၄၁)ဦး၊ တက္ကသိုလ်ဝင်တန်း(၇၂)ဦး ရှိနေပါသည်။


အခြားလူမှုရေးဆောင်ရွက်ချက်များ
                    စကုမြို့ပေါ်ရှိ ရပ်ကွက်များ၊ ပတ်ဝန်းကျင်ကျေးရွာများနှင့် နီးစပ်သော အခြားမြို့များမှ မိဘပြည်သူများအား ဘာသာရေးကို အခြေခံ၍ ကိုယ်ကျင့်တရား နှင့်စာရိတ္တများ ပိုမိုကောင်းမွန်မြင့်မားလာ
စေရေး အတွက် နှစ်စဉ် တပေါင်း၊ တန်ခူး လများတွင် အထူးတရားပွဲကြီးများ ကျင်းပပြုလုပ်ပေးခဲ့ပါသည်။
                               ၂၀၁၀ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပပြုလုပ်သော စကုမြို့လုံးဆိုင်ရာ အာစရိယပူဇော်ပွဲတွင် လည်း လုပ်အားဒါနပြု ပါဝင်ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
                           ၂၀၁၀ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပပြုလုပ်သော စကုမြို့၊ မြတ်စေတနာနာရေးကူညီမှုအသင်း
၏ အထူးတရားပွဲကြီးတွင်လည်း နှစ်စဉ် လုပ်အားဒါနပြု ပါဝင်ကူညီဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
                           ၂၀၁၀ ခုနှစ်မှ စ၍ နှစ်စဉ်ကျင်းပပြုလုပ်သော စကုမြို့၊ ဇီဝက ကုသိုလ်ဖြစ် အခမဲ့ဆေးခန်း ကြီး၏ ရံပုံငွေရှာဖွေရေး လုပ်ငန်းတွင် လုပ်အားဒါနပြု ပါဝင်ဆောင်ရွက်ပေးခဲ့ပါသည်။

ပညာသင်ကြားနေသည့် ကျောင်းသားကျောင်းသူများ၏အခြေအနေ

မင်းလှမြို့နယ်၊ ပိုက်သင်ရွာ မှ ပညာသင်ကြားသူ(၅)ဦး၊ ဈေးကြီးရွာမှ (၁)ဦး၊  စုစုပေါင်း(၆)ဦး
ပွင့်ဖြူမြို့နယ်၊ စက်မှု(၁)မှ ပညာသင်ကြားသူ(၁)ဦး၊ မုန်တောကြီးရွာမှ ပညာသင်ကြားသူ (၃)ဦး၊
မလွှကုန်းရွာမှ ပညာသင်ကြားသူ(၁)ဦး၊ ဗောဓိကုန်းရွာမှ ပညာသင်ကြားသူ(၁)ဦး၊ ကျောင်းတော်ရာရွာမှ
ပညာသင်ကြားသူ (၁)ဦး စုစုပေါင်း(၆)ဦး။ 

ရပ်ဝေးမှ ပညာသင်ကြားသူအမျိုးသားကျောင်းသားများအတွက် ဘုန်းတော်ကြီးကျောင်းအတွင်း နေထိုင်ရန်
အဆောင်များထားရှိပေးပြီး စားသောက်ရန်မှာ မိမိအစီအစဉ်ဖြင့်သာ ဖြစ်သည်။
(ထမင်းချက်ငှားရမ်းခ - တစ်လလျှင် ၂၀၀၀ ကျပ်)      

ရပ်ဝေးမှ ပညာသင်ကြားသူအမျိုးသမီးကျောင်းသူများအတွက် နေထိုင်ရန် အဆောင်ကို သက်သာစွာဖြင့် ငှားရမ်းပေးထားပြီး စားသောက်ရန်မှာ မိမိအစီအစဉ်ဖြင့်သာ ဖြစ်သည်။ 
(နေထိုင်ရန် အဆောင်ငှားရမ်းခ (ရေမီးအပြည့်အစုံ) - တစ်လလျှင် ၂၀၀၀ ကျပ်)
(ထမင်းချက်ငှားရမ်းခ - တစ်လလျှင် ၂၀၀၀ ကျပ်)

ပညာသင်ယူရန် အမှန်တကယ်ခက်ခဲပြီး ပညာလိုလားသည့် ကျောင်းသားကျောင်းသူများအား အခြေခံ ပညာကျောင်းမှ ကျောင်းစရိတ်များအား ပေးရန် မတတ်နိုင်သူများအား လိုအပ်သည့် အကူအညီများ ထောက်ပံ့ပေးခဲ့ပါသည်။
  







                                









No comments:

Post a Comment