စကုမြို့၌ ၁၅.၁၂.၂၀၁၂ နေ့မှစ၍ အမှတ်(၁)၊ (၂)၊ (၃)ရပ်ကွက်များတွင် တာဝန်ထမ်းဆောင်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရွေးကောက်ပွဲကို စတင်ကျင်းပခဲ့သည်။ ၁၄.၁၂.၂၀၁၂ နေ့ညတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးများရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်း အသံချဲ့စက်ဖြင့် လှည့်လည် အသိပေးခဲ့သည်။
၁၅.၁၂ ၂၀၁၂ နေ့တွင် အမှတ်(၁)ရက်ကွက်၌ သကျမဉ္ဇူစေတီတော်တွင်လည်းကောင်း၊ အမှတ်(၂) ရပ်ကွက် ၌ အခြေခံပညာမူလတန်းကျောင်း၊ အောင်သုခရပ်တွင်လည်းကောင်း၊ အမှတ်(၃)ရပ်ကွက်၌ ဘုရားလှစေတီတော်တို့တွင်လည်းကောင်း ဆယ်အိမ်စုကိုယ်စားလှယ်များကို စတင်ရွေးချယ်ခဲ့ကြသည်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲတွင် ဆယ်အိမ်စုကိုယ်စားလှယ်စာရင်းကြည့်ရှုနေကြစဉ် |
စကုမြို့၊ အမှတ်(၁)ရပ်ကွက်တွင် အိမ်ထောင်စုပေါင်း(၉၁၀)၊ အမှတ်(၂)ရပ်ကွက်တွင် အိမ်ထောင်စုပေါင်း (၇၂၄)၊ အမှတ်(၃)ရပ်ကွက်တွင် အိမ်ထောင်စုပေါင်း(၉၈၇) ရှိသည်။ ဆယ်အိမ်စု ကိုယ်စားလှယ် များ ရွေးချယ် ခဲ့ကြသော်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ချိန်တွင် တက်ရောက်မလာသော ဆယ်အိမ်စုကိုယ်စားလှယ်များရှိခဲ့သည်။ အချို့မှာ ဆယ်အိမ်စုကိုယ်စားလှယ်ရွေးချယ်ခြင်းကို ဆယ်အိမ်ခေါင်း အဖြစ်ရွေးချယ်ခြင်းဟု အမှတ်မှားကြသည်များရှိသည်ဟု ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ ကြီးကြပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။ အချို့သောကျေးရွာများတွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ရွေးကောက်ပွဲတွင် အုပ်စုလိုက် ကြိုတင် တိုင်ပင်၍ မဲပေးမှုများလည်းရှိနေသည်။
ရပ်ကွက်အုပ်ချုပ်ရေးမှူး ၏ အရည်အချင်းများအားရှင်းပြနေစဉ် |
အမှတ်(၂)ရပ်ကွက်၊ မဲရေတွက်နေစဉ် |
![]() |
အမှတ်(၃)ရပ်ကွက်၊ မဲရေတွက်နေစဉ် |
![]() |
အမှတ်(၃)ရပ်ကွက်၊ မဲရေတွက်နေစဉ် |
ယခင်စစ်အစိုးရလက်ထက်တွင် တိုက်ရိုက်ခန့်ထားခဲ့သော ရပ်ကွက်အုပ်ချုပ်ရေးမှူးများနေရာတွင် ယခု ပထမဦးဆုံးအကြိမ်အဖြစ် ရပ်ကွက်နေပြည်သူများမှ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေ ဖြင့် ရွေးကောက်တာဝန်ပေးအပ်ခြင်းဖြစ်သည်။ ယခု ရွေးကောက်တာဝန်ပေးအပ်ခံရသူများမှာ အမှတ်(၁) ရပ်ကွက်၌ ဦးမိုးဇော်စိုး၊ အမှတ်(၂)ရပ်ကွက်၌ ဦးဇော်မင်း၊ အမှတ်(၃)ရပ်ကွက်၌ ဦးသိန်းဝေ တို့ဖြစ်ကြ သည်။
ရပ်ကွက်နေပြည်သူများတွင် ငွေကြေးပြည့်စုံသူများက အမှုအခင်း၊ အခက်အခဲများဖြစ်ပွားပါက သက်ဆိုင်ရာ ရဲတပ်ဖွဲ့၊ ရှေ့နေ့များထံသို့ တိုက်ရိုက်သွားရောက်ဖြေရှင်းနိုင်သော်လည်း ဆင်းရဲနွမ်းပါးသူများ အမှုအခင်း၊ အခက်အခဲဖြစ်ပွားပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့သာ သွားရောက်ဖြေရှင်းနိုင်သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင်သူများက ကူညီဖြေရှင်းပေးစေလိုပါသည် ဟု အမှတ်(၃) ရပ်ကွက် နေ ပြည်သူတစ်ဦးက ပြောကြားသည်။
No comments:
Post a Comment