02 December 2012

တန်ဆောင်မုန်းလပြည့်ည ၁၃၇၄ ခု၊ စကုမြို့

တန်ဆောင်မုန်းလသည် မြန်မာ့ ၁၂လရာသီတွင် ရှစ်လမြောက်လဖြစ်သည်။ မိုးလေကင်းစင်၍ နက္ခတ်တာရာစုံ ထွန်းပသော လလည်းဖြစ်သည်။သာမညဖလသုတ်တော် ဟောကြားတော်မူခြင်းကို အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလအခါတော်နေ့ဟူ၍ သတ်မှတ်ခဲ့
သည်။ ဗုဒ္ဓဘာသာဝင်တို့သည် တန်ဆောင်မုန်းလပြည့်နေ့ အခါသမယတွင် သာမညဖလတရားတော်ကို နာကြားပူဇော်လေ့ရှိကြသည်။ရာဇဂြိုဟ်ပြည့်ရှင် အဇာတသတ်မင်းသည် မြတ်စွာဘုရား ဟောကြား တော်မူသော သာမညဖလ သုတ္တန်ဒေသနာတော်ကို ကြားနာရသည့်အဆုံးတွင်ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်သည့် ဥပါသကာအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။တန်ဆောင်မုန်းလတွင် ပွင့်သော မဲဇလီဖူး များသည် ဆေးဖက်ဝင်သည်ဟုယုံကြည်ကာ သုတ်၍စားသုံးလေ့ရှိကြသည်။

တန်ဆောင်မုန်းလတွင်ပွင့်ဖူးလေ့ရှိသောမဲဇလီဖူးများ

စကုမြို့၊ ရွှေဘုံသာစေတီတွင် တန်ဆောင်မုန်းလပြည့်ည၌ ဆီးမီးများပူဇော်ထားပုံ

စကုမြို့၊ မြို့လယ်ပုညရှင်စေတီတော်အား ရောင်စုံမီးပုံများဖြင့် ပူဇော်ထားပုံ

တန်ဆောင်မုန်းလပြည့်ည၊ မီးပုံပျံလွှတ်ရတာပျော်စရာပါ
၁၃၇၄ ခု၊ တန်ဆောင်မုန်းလပြည့်ည၊ စကုမြို့၊ မြို့လယ်ပုညရှင်စေတီတော်

စကုမြို့၊ တန်ဆောင်တိုင်ပွဲတော်၌ အာဇာနည်ဗိမာန်ကွင်းတွင် Lad & Soul Music Band ဖြင့် တေးဂီတဖြေဖျော်မှု

၁၃၇၄ ခု၊ စကုမြို့၊ တန်ဆောင်မုန်းလပြည့်ည

ဤသို့ ထူးမြတ်လှသော တန်ဆောင်မုန်းလပြည့်နေ့များတွင် ဗုဒ္ဓဘာသာဝင်တို့သည် မည်သူ့ကိုမဆို အလှူပြုခြင်း၊ ဘုရားစေတီများတွင် ဆီမီးဖြင့်ပူဇော်ခြင်းများဖြင့် ဗုဒ္ဓသာသနာကို စောင့်ထိန်းလာကြသည်။
မီးပုံပျံလွှတ်ခြင်း၊ မီးရှုးမီးပန်းပစ်ခြင်းများကိုလည်း ပျော်ရွှင်စွာဆောင်ရွက်ကြသည်မှာလည်း ကြည်နူးဖွယ်ရာ ပင်ဖြစ်ပါသည်။

No comments:

Post a Comment