မကွေးတိုင်းဒေသကြီး၊ စကုမြို့၊ မြတ်စေတနာ နာရေးကူညီမှုအသင်းကြီး၏ တတိယအကြိမ်မြောက် ဓမ္မပူဇာသဘင် အထူးတရားပွဲကို ၁၃၇၄ ခုနှစ် နတ်တော်လပြည့်ကျော် ၉ ရက် (၂ဝ၁၃၊ ဇန်နဝါရီ ၆ ရက်) တနင်္ဂနွေနေ့ညမှ စတင်၍ ၁၅ ရက် တိုင်တိုင် ညစဉ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ
ဓမ္မ ပူဇာသဘင်တွင် ပိဋကတစ်ပုံဆောင် ဦးဝိစိတ္တ (မကွေး)၊ အရှင်တေဇောဘာသ၊ သာသနာပြု နယ်လှည့် ဓမ္မကထိက(နမ္မဒါ)၊ ဒေါက်တာ အရှင်သောပါက M.A.Ph.D သာသနဓဇ ဓမ္မာစရိယ၊ အရှင်ကဝိဓဇာလင်္ကာရ သာသနဓဇဓမ္မာစရိယ (မျိုးသာကီ) ဆရာတော်၊ ဦးဂုဏိန္ဒ သာသနဓဇ ဓမ္မာစရိယ (ဆင်ဖြူတောင်)၊ ဘဒ္ဒန္တမေဃိယ သာသနဓဇဓမ္မာစရိယ ဝိနယဝိဓူ (ရွှေသံလျင်)၊ ဦးဣန္ဒက (မြန်မာပြည်) ဆရာတော်၊ အရှင်ဣန္ဒဝံသ (ဗောဓိ ဂုဏ်ရည်)၊ အရှင်တေဇောသာရ (ချင်းတောင်တန်း)၊ ဦးရေဝတ (ကြာနီကန်)၊ ဦးသုန္ဒရ အရှင်သူမြတ်တို့ က ဟော ကြားတော် မူကြမည်ဖြစ်သည်။ စကုမြို့ နာရေးကူညီမှုအသင်းသည် စကုမြို့နှင့် မြို့နယ်အတွင်း ကျေးရွာများမှ အရေးပေါ်လူနာ များ သယ်ပို့ ဝန်ဆောင်မှုနှင့် နာရေးကူညီမှုများကို ဆောင်ရွက်လျက်ရှိပြီး နှစ်စဉ် အထူးတရားပွဲများကိုလည်း ကျင်းပပေးလျက်ရှိကြောင်း သိရသည်။
No comments:
Post a Comment