10 January 2013

ပန်းပျိုးသူပညာဒါနကျောင်း - ကျောင်းသားကျောင်းသူများမှ ပရဟိတကူညီမှု

၂၉.၁၂.၂၀၁၂ ရက်နေ့က စကုမြို့၊ ပန်းပျိုးသူ ပညာဒါနကျောင်း မှ ကျောင်းသားကျောင်းသူများမှ မြတ်စေတနာ နာရေးကူညီမှုအသင်း၏ တတိယအကြိမ်မြောက် ဓမ္မပူဇာသဘင်အထူးတရားပွဲကျင်းပရန် အလှူခံထွက်ရာတွင် ကျောင်းသားကျောင်းသူ (၅၀)ကျော်က ကူညီဆောင်ရွက်ခဲ့ကြသည်။ ထို့အတူ ဇီဝက ကုသိုလ်ဖြစ်ဆေးခန်း၏ အလှူခံဆောင်ရွက်ရာတွင်လည်း လုပ်အားဒါန အဖြစ်ပါဝင်ခဲ့ကြသည်။

၃၀.၁၂.၂၀၁၂ ရက်နေ့တွင် စကုမြို့၊ မြတ်စေတနာ နာရေးကူညီမှုအသင်း၏ တတိယအကြိမ်မြောက် ဓမ္မပူဇာသဘင် အထူးတရားပွဲဆင်ယင်ကျင်းပမည့် ထေရ်ကြီးစေတီတော် အနီးတ၀ိုက်တွင် ပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် ဆောင်ရွက်ခဲ့ကြသည်။


No comments:

Post a Comment