၅.၃.၂၀၁၃
နေ့က စကုမြို့၊ အမှတ်(၁)ရပ်ကွက်၊ ရှမ်းစုတောင်ပိုင်းရပ် နှင့် ရွှေပန်းရုံရပ် တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ
အိမ်ထောင်စု(၂၉)စု၊ လူဦးရေ(၁၁၈)ဦး အိမ်ယာများ ဆုံးရှုံးခဲ့ရသည်။ မနက်(၁၁း၃၀)ခန့်တွင် စတင်လောင်ကျွမ်းခဲ့သော
မီးသည် အိမ်ခြေ(၂၂)ခန့် မီးလောင်ကျွမ်းခဲ့ပြီး စကုမြို့သူမြို့သားများ၊ သံဃာတော်များ၊
မီးသတ်တပ်ဖွဲ့ဝင်များဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နေ့လည်(၁၂း၃၀)ခန့်တွင် မီးညွန့် ကျိုးသွား ခဲ့သည်။
ခြောက်သွေ့ရာသီသို့ရောက်တိုင်း အများပြည်သူတို့မှာ မီးဘေးအန္တရာယ်အတွက် စိုးရိမ်နေခဲ့ရသည်။
ယနေ့လောင်ကျွမ်းသော မီးသည် ရေနွေးအိုးတည်ရာမှ လောင်ကျွမ်းသော ပေါ့ဆမီးဟု မီးသတ်ဌာနက
ပြောကြားသည်။လောင်ကျွမ်းသောနေရာသည်
အိမ်ခြေများနီးကပ် စွာဆောက်လုပ်ထားခြင်း၊ ၀ါးသက္ကယ်အိမ် အများစုဖြစ်ခြင်းကြောင့် မီးလောင်မှုမြန်ဆန်ခဲ့ရခြင်းဖြစ်သည်ဟု
ရွှေပန်းရုံရပ်နေ မြို့ခံတစ်ဦးက ပြောဆိုသည်။ မီးလောင်သည့်နေရာနှင့် နီးကပ်သော ပထမ ဓမ္မိကာရာမစာသင်တိုက်သို့လည်း
မီးပွားများလွှင့်စင့်ကာ အနည်းငယ် ကူးစက်လောင်ကျွမ်းခဲ့သည်။
ကျနော်
မနက်ကတည်းက ထနောင်းတောရွာမှာ လက်သမားအလုပ်သွားလုပ်နေတာ၊ မီးလောင်တယ်ဆိုပြီး သူငယ်ချင်းကဆိုင်ကယ်နဲ့လာခေါ်မှ
သိတာ၊ ဒီရောက်တော့ အိမ်ကပါသွားပြီး၊ အိမ်မှာ ကျနော့ အမျိုးသမီးနဲ့ကလေး ကျန်ခဲ့တာ အရေးကြီးတော့
လူပဲပြေးခဲ့တာ၊ တီဗွီတွေ၊ ဒီဗွီဒီစက်တွေ၊ အလုပ်လုပ်ပြီးစုထားတဲ့ ငွေနှစ်သိန်းထည့်ထားတဲ့
သံသေတ္တာရော အကုန်ပါသွားတယ်ဗျာ ဟု မီးလောင်မှုတွင် အိမ်ဆုံးရှုံးခဲ့သော လက်သမားအလုပ်လုပ်ကိုင်သူတစ်ဦးက
ပြောကြားသည်။
မီးဘေးသင့်
မိသားစုများကို စကုမြို့၊ လယ်ပေါ်ကျောင်းတိုက်အနီး ဇီဝက အခမဲ့ကုသိုလ်ဖြစ် ဆေးခန်း၏ နားနေဆောင်တွင်
နေရာချထားလျှက်ရှိသည်။ မီးဘေးသင့် မိသားစုများအတွက် အကူအညီများလိုအပ်လျှက်ရှိပြီး စကုမြို့၊
ရပ်ကွက်များအတွင်း ထမင်းထုပ်များ အလှူခံလျှက်ရှိနေသည်။
No comments:
Post a Comment