စကုမြို့သူမြို့သားများသည် မည်သည့် အကြမ်းဖက်မှုကိုမှ လက်မခံပါ။ ကန့်ကွက်သည်။
၃၁.၃.၂၀၁၃
စကုမြို့တွင် နေထိုင်သော မြို့သူမြို့သားများသည် လူမျိုး၊ ကိုးကွယ်သည့်ဘာသာ မတူညီကြသော်လည်း ချစ်ခင်ရင်နှီးစွာ နေထိုင်ခဲ့ကြသော မြို့ဖြစ်ပါသည်။ ယခုကာလတွင်ဖြစ်ပေါ်နေသော အခြေအနေများကို စကုမြို့သူမြို့သားများအနေဖြင့် အကြမ်းဖက်မှု၊ အနိုင်ကျင့်မှုများအဖြစ် ရှုမြင်ပြီး တရားဥပဒေအရ သက်ဆိုင်သူများကိုသာ အရေးယူဆောင်ရွက်ရန် အထူးလိုအပ်ပါသည်။ ပြင်ပတွင် ထွက်ရှိနေသော ကောလာဟလ များကို အကြောင်းပြု၍ အကြမ်းဖက်ခြင်း၊ အုပ်စုဖွဲ့အနိုင်ကျင့်ခြင်းမျိုး ကို ၀ိုင်းဝန်းတားဆီးကြရန် အထူးလိုအပ်လှပါသည်။
တနေ့က မိတ်ဆွေတစ်ယောက်ကဖုန်းဆက်တယ်၊ မင်းဘူးမှာ ဘာသာရေးအဆောက်အဦးကို ၀ိုင်းဖြိုနေကြ တယ်ဆိုပြီး၊ မင်းဘူးက မိတ်ဆွေကို ချက်ခြင်းဖုန်းဆက်မေးတော့ ဘာမှမဖြစ်ပါဘူးလို့ပြောရော၊ သတင်းအမှားတွေကို ကိုယ် ကိုယ်တိုင် သေချာမသိဘဲ တခြားသူကို ပြောမိရင် မကောင်းဘူးပေါ့ဗျာ ဟု
စကုမြို့ခံတစ်ဦးက ပြောကြားသည်။
အခြားစကုမြို့၊ ရွှေပန်းရုံရပ်နေပြည်သူ တစ်ဦးကလည်း ခုတလော၊ အကြမ်းဖက်မယ်ဆိုတဲ့ သတင်းတွေကြားနေ ရတော့ ကောင်း ကောင်းကို မအိပ်ရပါဘူး၊ အရင်ကတည်းက အေးအေးချမ်းချမ်း အတူတူနေလာခဲ့ကြသူတွေ ကြားမှာ ယုံကြည်မှုပျောက်ဆုံးအောင် ကောလာဟလ သတင်းတွေက လာပြီးသွေးခွဲနေသလိုပါဘဲ ဟု ပြောကြားသည်။
ကျနော်တို့မြို့မှာ ဟိုတလောက မီးဘေးသင့်ပြည်သူတွေကို လှူဒါန်းတော့လည်း ဗုဒ္ဓဘာသာဆရာတော် တွေက ဘာသာလူမျိုးမခွဲခြားဘဲ အတူတူလှူသွားခဲ့တာဘဲ၊ ဒီမြို့မှာ ဆရာတော်တွေ ဦးစီးဆောင်ရွက်တဲ့ ဇီဝက အခမဲ့ဆေးခန်းမှာဆိုလည်း ဘာသာမတူတဲ့ ဆရာဝန်ကြီးက အားတက်သရော ဆောင်ရွက်ကူညီခဲ့တာပါဘဲ၊ မြို့က ရေလိုနေတဲ့နေရာတွေဆိုလည်း ခရစ်ယာန်ဘာသာဝင်တွေ၊ အစ္စလာမ်ဘာသာဝင်တွေက ရေတုံကင်တွေ လှူကြတာပါဘဲ ဟု ၎င်းက ပြောကြားခဲ့သည်။
ဘယ်လိုအကြမ်းဖက်မှုမျိုးမဆို ကျနော်တို့လက်မခံဘူး၊ ကန့်ကွက်တယ်၊ အကြမ်းဖက်မှုတွေလုပ်ဖို့ဘယ်လို ကိစ္စမျိုးမဆိုလည်း ကျနော်တို့ ၀ိုင်းဝန်းတားဆီးသွားမှာဖြစ်တယ် ဟု စကုမြို့နေ လူငယ်တစ်ဦးက ပြောကြား သည်။
No comments:
Post a Comment