၅-၃-၂၀၁၃ ရက်နေ့ ည (၈း၀၅)အချိန်တွင် စကုမြို့ ၏ အသက်အကြီးဆုံးဖြစ်သော အသက်(၁၀၀)နှစ်ရှိ အငြိမ်းစားဆရာမကြီး ဒေါ်ဖြူ ကွယ်လွန်အနိစ္စရောက်သွားပြီးဖြစ်ပါသည်။ ယနေ့ မြန်မာနိုင်ငံ၏ ပျှမ်းမျှသက်တမ်း များစွာလျော့ကျနေသည့် အချိန်တွင် အသက်(၁၀၀)နှင့် အထက် သက်ကြီး ၀ါကြီးများ များစွာ ရှားပါးလာနေပြီဖြစ်ပါသည်။ သက်ရှည်ကျန်းမာ၍ ဉာဏ်ပညာမြင့်မားသူများ ဖြစ်မှသာလျှင် မိမိတို့၏ ဘ၀အတွေ့အကြုံ၊ ယဉ်ကျေးမှု၊ လောကအကျိုးပြုကျင့်ဝတ်များကို မျိုးဆက်များ အဆင့်ဆင့် လက်ဆင့်ကမ်း နိုင်မည်ဖြစ်ပါသည်။
ဆရာမကြီး ဒေါ်ဖြူ သည် မင်းဘူး - စကုမြို့နယ်အတွင်း နှင့် မင်းဘူးခရိုင်အတွင်းသာမက မကွေးတိုင်းဒေသကြီး အတွင်းမှာပင် ရှားမှ ရှားသည့် ဖွားသက်ရှည် ဆရာမကြီးတစ်ဦးဖြစ် ပါသည်။ ဆရာမကြီးဒေါ်ဖြူ သည် ပြီးခဲ့သည့် ဒသမအကြိမ်မြောက် အာစရိယပူဇော်ပွဲ တွင် လည်း အပူဇော်ခံဆရာမကြီး တစ်ဦးဖြစ်ပါသည်။ အာစရိယပူဇော်ပွဲကော်မတီ၏ အပူဇော်ခံ ဆရာကြီး၊ ဆရာမကြီးများ ကွယ်လွန်သွား ပါကလည်း အလှူငွေများလှူဒါန်းမည်ဟူသော အစည်းအဝေးဆုံးဖြတ်ချက် အတိုင်း ဆရာမကြီး ဒေါ်ဖြူ အတွက် အလှူတော်ငွေ(၃၀၀၀၀)ကျပ် လှူဒါန်းခဲ့ပါသည်။ ဆရာကြီး ဦးကျော်စိန်၊ ဆရာကြီး ဦးသန်းမောင် တို့ ကွယ်လွန်စဉ်ကလည်း အာစရိယပူဇော်ပွဲ လှူဒါန်းငွေများထဲမှ ငွေကျပ်(၃၀၀၀၀)စီ လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။
ဆရာမကြီး ဒေါ်ဖြူ ၏ နောက်ဆုံးခရီး ဈာပနအခမ်းအနားသို့ မိသားစုဝင်များ၊ အာစရိပူဇော်ပွဲဖြစ်မြောက် ရေး ကော်မတီအဖွဲ့ဝင်များ၊ တပည့်များ က ပူဇော်ကန်တော့၍ သပြေပင်သုဿန်သို့ လိုက်ပါ ပို့ဆောင် ခဲ့ကြပါသည်။
No comments:
Post a Comment