16 August 2013

ရေတိုက်စားခံရမှုကြောင့် စကု အ.ထ.က ကျောင်း စိုးရိမ်စရာဖြစ်နေ

ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်အတွင်း ချိန်ခါမဟုတ် ရွာခဲ့သော မိုးကြောင့် စကုမြို့၊ မြောက်ဘက်ရှိ မန်းချောင်း၌
ရေတိုက်စားမှုနှင့် ကမ်းပါးပြိုမှုများဖြစ်ပွားခဲ့ရာ လူနေအိမ်ခြေအချို့နှင့် ကိုင်းမြေဧကများစွာ ပျက်စီးဆုံးရှုံးမှု များရှိခဲ့ပါသည်။ ထိုသို့ ရေတိုက်စားမှုသည် မြို့၏ အရှေ့ဘက်ခြမ်းတွင်လည်း ဖြစ်ပွားခဲ့ရာ အဓိကအားဖြင့် စကု အ.ထ.က ကျောင်း၏ အနောက်ဘက်အပြင် ၎င်း၏ အရှေ့ဘက်တကြောရှိ သမိုင်းဝင်ထူပါရုံစေတီ၏
မြောက်ဘက် အုတ်တံတိုင်းထိပင် နီးကပ်လာခဲ့ပြီဖြစ်သည်။ ယခုအခါတွင်မူ ထူပါရုံစေတီနှင့် မင်းဘူး စကု ကားလမ်းမကြီးကြား အကွာအဝေးမှာလည်း ပေ ၁၀၀ သာသာမျှသာ ကျန်ရှိတော့သည်အထိ ရေတိုက်စားမှု က ပြင်းထန်ခဲ့သည်။



အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ထိုစဉ်က မြို့ခံတချို့၏ အသိပေးအကြောင်းကြားမှုကြောင့် မြို့နယ်အုပ်ချုပ်ရေး မှူးနှင့် မြို့နယ်ပညာရေးမှူးတို့မှ လာရောက်ကြည့်ရှုခြင်းများရှိခဲ့သော်လည်း နောက်ဆက်တွဲ အရေးယူ
ဖြေရှင်း ပေးမှု တစ်စုံတစ်ရာ မရှိခဲ့ပါ။

ယခုအချိန်တွင် ရေတိုက်စားပြီး ကမ်းပါးပြိုမှုမှာ အ.ထ.က ကျောင်း၏ အနောက်ဘက် ပေ ၁၀၀ သာသာ အကွာအဝေးသို့ပင် ရောက်ရှိလာပြီဖြစ်ပြီး အကယ်၍ ထပ်မံတိုက်စားခံရပါက ခေတ်ကာလအခြေအနေ အရ လက်ရှိ ကျောင်းဆောင်မျိုး ပြန်ဖြစ်ရန် မလွယ်ကူသောကြောင့် မြို့ပေါ်နှင့် အနီးအပါးရှိ ကျေးရွာများမှ  အားကိုးနေရသော စကုမြို့၊ အ.ထ.က ကျောင်းကြီး မဆုံးရှုံးရစေရေးအလို့ငှာ တာဝန်ရှိသူများမှ အလျှင် အမြန် အရေးယူဆောင်ရွက်မှုများ ပြုလုပ်၍ အကာအကွယ်ပေးရန် မြို့ခံများမှ မျှော်လင့်နေကြောင်းသိရ သည်။

No comments:

Post a Comment