16 August 2013

အမှိုက်ကစ ပြဿဒ်မီးလောင်နိုင်တဲ့ မန်းတံတား

စကုမြို့၊ မန်းကျင်းရပ်ကွက်ရှိ စကုမြို့နှင့် မြောက်ဘက်ကမ်း ဥယျာဉ်ဇင်ကျေးရွာကို ဆက်သွယ်ထားသော သံမဏိပေါင်ဘေလီတံတား၏ ရေလယ်တိုင်အမှတ်(   ၇    )တွင် အောက်ခြေတိုင်၌ အက်ကွဲမှုဖြစ်ပေါ်နေ
ပြီး တစ်ဖက်သို့ အနည်းငယ် တိမ်းစောင်းလျှက်ရှိကြောင်း သိရသည်။


အဆိုပါတံတားမှာ အရှည်ပေ (၉၀၀)ရှိတံတားဖြစ်ပြီး (၃ ၊ ၃ ၊ ၁၉၉၇)ခုနှစ်မှစ၍ ဖွင့်လှစ်အသုံးပြုခဲ့ခြင်းဖြစ် သည်။ သို့ရာတွင် စတင်တည်ဆောက်ကာစကပင် တံတား၏ မြို့ဘက်ခြမ်း ချဉ်းကပ်လမ်းမှာ ရေပြင်ထဲသို့ ထိုးထွက်နေ၍ အရှိန်ဖြင့် စီးဆင်းလာသောရေကို တုပ်လိုက်သလိုဖြစ်ပြီး မန်းကျင်းရပ်ကွက် တွင် ရေတိုက် စား၍ မြေပြိုမှုများ ဖြစ်ပွားခဲ့ရပြီးဖြစ်သည်။

ယခုကဲ့သို့ ရေလယ်တိုင်အက်ကွဲခဲ့သည်မှာလည်း နှစ်နှင့်ချီကြာမြင့်ခဲ့ပြီဖြစ်သည့်တိုင် တံတားကြေးကောက်ခံ ခွင့်ရသူများဘက်မှ စာချုပ်ပါစည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာမှု အားနည်းပျက်ကွက်၍ ငွေကြေး
ကောက်ခံရန်သာအားစိုက်ပြီး တံတားကို အချိန်မှန် ပြုပြင်ထိန်းသိမ်းမှု မရှိဖြစ်နေရာ တံတားအခြေအနေမှာ အန္တရာယ်ဖြစ်နိုင်သော အနေအထားသို့ မကြာခင်ရောက်ရှိလာနိုင်ပါသည်။

လမ်းတံတားဆိုင်ရာ ကျွမ်းကျင်သူ အငြိမ်းစားအင်ဂျင်နီယာတစ်ဦးကမူ ထိုသို့ တံတားတိုင်အက်ကွဲရခြင်းမှာ
အောက်ခံမြေသားကို လိုအပ်သော အနက်သို့ရောက်အောင် ပိုင်တိုင် မရိုက်ခဲ့ခြင်းနှင့် အသုံးပြုသော ဘိလပ်
မြေနှင့် သံချောင်းအမျိုးအစား ညံ့ဖျင်းမှု၊ လျော့နည်းသုံးစွဲမှု စသည်တို့အပြင် ကနဦးတွက်ချက်တိုင်းတာမှု တွင် အားနည်းချက်များရှိခြင်း စသည့် အထွေထွေအားနည်းချက်များကြောင့် ဖြစ်ကြောင်း သုံးသပ်ပြောကြား
ခဲ့သည်။

ယခုအခါ တံတား၏ ခံနိုင်ဝန်မှာ (၁၃)တန်သတ်မှတ်ထားသောလည်း တံတားကြေးကောက်ခံသူများမှ ညအချိန်တွင် သတ်မှတ်ခံနိုင်ဝန်ထက် အဆမတန်ပိုများသော သစ်မှောင်ခိုကားများ၊ ကုန်ကားများ စသည်
ဖြင့် ငွေယူ၍ ဖြတ်သန်းခွင့်ပြုနေရာ တံတားအခြေအနေမှာ ဖြတ်သန်းသွားလာသူများအတွက် အချိန်မရွေး အန္တရာယ်ကျရောက်လာနိုင်သဖြင့် အက်နေသောတိုင်ကို အမြန်ဆုံး ပြုပြင်ပေးစေရန် တံတားအသုံးပြု သူများ က မျှော်လင့်နေကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment