မကွေးတိုင်းဒေသကြီး၊ မြို့နယ်အချို့တွင် ဖမ်းဆီးအရေးယူမှုအချို့ကြောင့် ၁ လုံး၊ ၂လုံး၊ ၃လုံး စသော လောင်းကစားမှုများ အနည်းငယ် ငြိမ်သက်သွားသော်လည်း မင်းဘူး/စကုမြို့နယ်၊ စကုမြို့တွင်မူ ယခုတိုင် အဆိုပါ လောင်းကစားလုပ်ငန်းများကို တွင်ကျယ်စွာဖြင့် ပေါ်ပေါ်ထင်ထင် ဆက်လက်ပြုလုပ်လျှက် ရှိကြောင်းသိရသည်။
စကုမြို့တွင် ယခင်က ဖမ်းဆီးမှုအချို့ ရှိခဲ့သော်လည်း လက်ခွဲရောင်းသူများသာ အဓိကပစ်မှတ်ဖြစ်ခဲ့ပြီး အဓိကဒိုင်ကြီးများမှာမူ ယခုတိုင် မြို့ပေါ်ရှိ လူမြင်ကွင်းများ၌ပင် ဗြောင်ကျကျရောင်းချလျှက်ရှိရာ မြို့ခံ များအကြား ထိုကိစ္စကို ရယ်စရာအဖြစ် ပြောဆိုနေကြကြောင်း သိရသည်။
အလားတူစွာ နောက်ပိုင်းတွင် ကျောင်းသားလူရွယ် လူငယ်များပါ လောင်းကစား လာကြသောကြောင့် မိဘများအနေဖြင့် မိမိတို့၏ သားသမီးများ၏ အကျင့်စာရိတ္တနှင့် ပတ်သက်ပြီး စိုးရိမ်လျှက်ရှိကြသည်။
No comments:
Post a Comment