![]() |
| အရှေ့တောင်အာရှအားကစားပွဲ(Sea Game)ဆိုင်းဘုတ်စိုက်ထူထားပုံ |
ကျောင်းချင်းအတူတူ စကုမြို့ အခြား အလယ်တန်းကျောင်း၊ မူလတန်းကျောင်းတွေမှာ ကောက်ခံတယ်လို့ မကြားဘူး၊ အထက်တန်းကျောင်းတစ်ခုတည်း သီးသန့် ရွေးကောက်ဟု အထက်တန်းကျောင်းတွင် ပညာသင်ကြားနေသူ ကျောင်းသားတစ်ဦးက ဆိုသည်။
ကျောင်းက အားကစားကြေး(၅၀၀) တောင်းလိုက်တယ်ဆိုပြီး ပြောတယ်၊ ကျနော်တို့မှာ မပေးနိုင်လို့ ကလေးကို ကျောင်းထုတ်ပါတယ်ဆိုပြီးစာပေးလိုက်ရတယ်ဟု အနှိပ်လုပ်ငန်းဖြင့် အသက်မွေးသူ တစ်ဦးကပြောသည်။
စကုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် စကုမြို့ပေါ် နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ
ကျောင်းသား ကျောင်းသူ ၁၆၀၀ ကျော်ခန့် တက်ရောက်နေကြသည်။ မြို့မှာ ကျောင်းတက်နေတဲ့ သမီးက ကျောင်းက အားကစားကြေး ၅၀၀ တောင်းလို့ဆိုပြီး ရွာကို ဖုန်းလှမ်းဆက်တယ်၊ ကျမတို့ ကျောင်းအပ်ပေးတုန်းကလည်း အားကစားကြေး ၅၀ ပေးခဲ့ပါတယ်။ ကျမတို့ ရွာတွေမှာ တနေ့ လုပ်အားခမှ ၈၀၀ ဘဲ ရတာ ဟု န၀မတန်းကျောင်းသူတစ်ဦး၏ မိခင်က ပြောသည်။
ကျမတို့ ဆရာ၊ ဆရာမတွေကို ၁၂၊ ၈၊ ၂၀၁၃ ရက်နေ့ နောက်ဆုံးထားပြီးကောက်ပေးရမယ်လို့ပြောပါတယ်၊
ကျောင်းသားမိဘတစ်ယောက်ဆို ၅၀၀ မပေးနိုင်လို့ ကျောင်းသားကို ကျောင်းထုတ်ပါတယ်လို့ စာရေးပေး လိုက်တယ်၊ အဲဒီ ကလေးကို မကောက်နဲ့တော့၊ စည်းကမ်းထိန်းသိမ်းရေးနဲ့ တွေ့ခိုင်းပြီး ဆရာ၊ ဆရာမ တွေကဘဲ အဲဒီလိုတဲ့ငွေကို မျှစိုက်ရမယ်လို့ ပြောတယ် ဟု စာသင်ကြားပေးနေသူ ဆရာမ တစ်ဦးက
ပြောသည်။
အခု ဆီးလ်ဂိမ်းအတွက်ဆိုပြီး အာကစားကြေး ၅၀၀ ကောက်ခိုင်းတဲ့ ကိစ္စက တရားဝင်စာထွက်တောင်းတာ လည်းမဟုတ်ဘူး၊ စကုမြို့မှာလည်း အထက်တန်းကျောင်းတစ်ခုတည်း သီးသန့်ကောက်တယ်၊
ကျောင်းသားတွေဆီက မရတဲ့ အားကစားကြေးကို ဆရာ၊ ဆရာမတွေက စိုက်ထည့်ရမယ်လို့ပြောတယ် ဟု ကျောင်းဆရာတစ်ဦးက ပြောဆိုသည်။
ယနေ့အချိန်အခါကဲ့သို့ ဒီမိုကရေစီနိုင်ငံအဖြစ် တည်ဆောက်နေသည့်ကာလတွင် နိုင်ငံအဆင့် အားကစားပြိုင်ပွဲအတွက် လုပ်ငန်းရှင်များထံမှ စပွန်ဆာထောက်ပံ့ကြေးများ ရရှိနေသည်ကိုပင်
ကျောင်းသား၊ ကျောင်းသူများထံမှပွင့်လင်းမြင်သာမှုမရှိဘဲ ငွေကြေးကောက်ခံနေခြင်းများသည် မသင့်တော်၊ မဆီလျော်သကဲ့သို့ တရားဝင်စာရွက်စာတမ်းများ ထုတ်မပေးဘဲ နှုတ်မိန့်ဖြင့် ဆောင်ရွက်ခိုင်း
ခြင်းများကိုလည်း နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းများအနေဖြင့် ပြည်သူ့အကျိုး၊ နိုင်ငံ ဂုဏ်သိက္ခာများကို ငဲ့ကွက် ထောက်ရှု၍ ငြင်းပယ်အပ်ပေသည်။

No comments:
Post a Comment