အဆိုပါဖြစ်စဉ်အတွင်း ဦးဝင်းမြင့်၏ သမီးဖြစ်သူက အော်ဟစ်ခြောက်လှန့်၍ မရသည့်အဆုံး အသင့်ပါလာ
သော ကင်မရာဖြင့် ရိုက်ယူမှုပြုစဉ် ထိုသူများက ကင်မရာကို လိုက်၍ လုယူဖျက်ဆီးရန် ကြိုးစားခဲ့ပြီး အစ်မဖြစ်သူကို အကာအကွယ်ပေးသော မောင်ဖြစ်သူမှာလည်း လုယက်သူများက နှမ်းစည်းများဖြင့်
ကျောနှင့်မျက်နှာကို ရိုက်နှက်ခြင်းခံခဲ့ရသည်။ ထိုသူများထဲမှ စန်းလွင်ဆိုသူကလည်း ဦးဝင်းမြင့်၏ သမီးကို ရိုင်းပျစွာဖြင့် ပုဆိုးလှန်ပြခဲ့သည်။ နောက်ပိုင်းတွင် အနီးရှိအကွက်များမှ လူများရောက်လာသောအခါမှ ထိုသူများ ထွက်ပြေးသွားခဲ့ကြသည်။
ဒေသခံများ၏ အဆိုအရ လုယက်သူများမှာ ပွင့်ဖြူမြို့နယ်၊ ကျောင်းတော်ရာရွာ၊ ရတနာပုံရပ်ကွက်မှ ဖြစ်ပြီး ယခင်ကပင် ထိုသို့သော လုယက်မှုများအတွက် ပြစ်မှုမှတ်တမ်းရှိသူများဖြစ်ကြောင်း သိရပြီး အဆိုပါကိစ္စနှင့် ပတ်သက်၍ ဦးဝင်းမြင့်မှ စကုမြို့၊ ရဲစခန်းသို့ ဓာတ်ပုံနှင့်တကွ တိုင်ကြားခဲ့သော်လည်း ရဲစခန်းမှ အဆိုပါကိစ္စ သည် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများကိစ္စဟုဆိုကာ လက်မခံခဲ့။ ထိုကြောင့် မင်းဘူးမြို့၊ ရဲစခန်းသို့ ဆက်လက် တိုင်ကြားခဲ့ရာ ရဲစခန်းမှ တာဝန်ကျ ရဲတစ်ဦးမှ ခင်ဗျားတို့လုံခြုံရေးအတွက် လယ်ထဲမှာ ကျနော်တို့က ခြံစည်း ရိုးလာခတ်ပေးရမှာလား ဟု တာဝန်မဲ့စွာ ပြောဆိုခဲ့ကြောင်း သိရသည်။
နောက်ဆက်တွဲအနေဖြင့် ၈ ရက်ခန့်အကြာတွင် ကျောင်းတော်ရာ၌ အဆိုပါကျူးလွန်သူများကိုဖမ်းဆီးရာ တွင် အဓိက ကျူးလွန်သူများမပါဝင်ဘဲ ထိုဖမ်းဆီးမိသူများကို အာမခံပေး၍ ပြန်လွှတ်ပေးလိုက်သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ယခုအခါ ဥယျာဉ်ဇင်ကွင်းမှ တောင်သူများအနေနှင့် အဖြစ်မှန်ပေါ်ပေါက်ရေးနှင့် ကျူးလွန်သူများကို တရားဥပဒေအတိုင်း တိကျစွာ အရေးယူပေးရန် ဆန္ဒရှိနေကြပြီး နောက်နောင် ထိုသို့သော အနုကြမ်းစီးမှုဆန်သော ဖြစ်ရပ်များ ထပ်မံဖြစ်ပေါ်လာမည်ကို အထူးစိုးရိမ်လျှက်ရှိကြောင်း သိရသည်။
No comments:
Post a Comment