16 August 2013

အမြီးနှုတ် ခေါင်းနှုတ် စိုက်ပျိုးစရိတ်ချေးငွေ

စကုမြို့သည် အဓိကအားဖြင့် လယ်ယာလုပ်ငန်းဖြင့် အဓိက အသက်မွေးဝမ်းကြောင်းသော မြို့ဖြစ်ပြီး နှစ်စဉ် မိုးရာသီရောက်တိုင်း မြို့ခံ နယ်ခံ တောင်သူများအနေဖြင့် စိုက်/ဘဏ် နှင့် မလွှဲမရှောင်သာ ဆက်စပ်  ပတ်သက်ရလေ့ရှိသည်။

ယခု ၂၀၁၃ ခုနှစ်တွင်လည်း စိုက်ပျိုးစရိတ်ချေးငွေထုတ်ရာတွင် ယခင်နှစ်များကဲ့သို့ပင် ဒေသခံတောင်သူ များအနေနှင့် တစ်ဦးလျှင် (၁၀၀၀)နှင့် အထက် စာရွက်စာတမ်းကြေးအမည်ခံ၍ တောင်းခံရယူဖြတ်တောက် မှုများ ရှိနေကြောင်းသိရသည်။


အမှန်အားဖြင့် ဘဏ်လုပ်ငန်းဟုသည် အခြားသော ကုန်ရောင်းကုန်ဝယ်လုပ်ငန်းများကဲ့သို့ပင် ရောင်းချသူ
နှင့် ၀ယ်ယူစားသုံးသူ သဘောသက်ရောက်လျှက် ရှိသော လုပ်ငန်းဖြစ်သည်။ စိုက်/ဘဏ် ဆိုသည်မှာလည်း မူလရည်ရွယ်ချက်တွင် တောင်သူများ စိုက်ချိန် ပျိုးချိန် ငွေလိုချိန်တွင် သင့်တင့်သော အတိုးနှုန်းဖြင့် အလွယ် တကူ ရယူသုံးစွဲနိုင်ရန် စေတနာကောင်းပါသည်မှအပ အတိုးငွေရယူသော စီးပွားရေးသဘောလည်း ပါဝင်
နေတာဖြစ်သည်။ ထို့ကြောင့် စာရွက်စာတမ်းကြေးဆိုသည်မှာ ဘဏ်မှ စိုက်ထုတ်သုံးစွဲရသည့် ၀န်ဆောင်
စရိတ် အပါအ၀င်ဖြစ်ပြီး ထိုဝန်ဆောင်စရိတ်အတွက် ဘဏ်က ရရှိမည့် အတိုးငွေများထဲမှ ကျခံသုံးစွဲရမည်
သာဖြစ်သည်။

စကုမြို့အနေဖြင့် တောင်ဘက်ရှိ တောင်မန်းကွင်းနှင့် မြောက်ဘက်ရှိ ကွင်းများပေါင်းလျှင် ဧကသောင်းနှင့် ချီ၍ ရှိရာ တစ်ဧက ကျပ်(၁၀၀၀)နှင့်အထက်နှုန်း ကောက်ခံမှုမှနေ၍ တစ်နယ်လုံးအနေနှင့် ဆိုလျှင် ကျပ် အားဖြင့် သိန်းပေါင်းရာချီ၍ နစ်နာနေသည်ဟု ဆိုရမည်။ ထို့အပြင် ဤသို့ တောင်းခံမှုမှာ တစ်နှစ်မဟုတ်ဘဲ ဆယ်စုနှစ်နှင့်ချီ၍ ခံခဲ့ကြရခြင်းဖြစ်ရာ ငွေအားဖြင့် ကျပ်သန်းပေါင်းရာထောင်ချီ၍ နစ်နာခဲ့ကြပြီး ဖြစ်သည်ကို ချင့်တွက်၍ သိနိုင်ပေသည်။

ထိုငွေကြေးကောက်ခံမှုသည် အထက်က ညွှန်ကြားချက်အရ ကောက်ခံခြင်းလား၊ ဒါမှမဟုတ် ထိုငွေများ သည် မိမိသဘောဖြင့် အောက်ခြေမှ ကောက်ခံခြင်းဖြစ်လျှင်လည်း ထိုငွေများ မည်သည့်စာရင်းဖြင့် မည်သည့် နေရာသို့ လွှဲပြောင်းရောက်ရှိသွားသည် စသည်ဖြင့် ရှင်းလင်းစွာ မသိရဘဲ ဖြစ်နေရာ နိုင်ငံတော်  သမ္မတပြောကြားခဲ့သော တာဝန်ယူမှု၊ တာဝန်ခံမှုတို့အပြင် ကောင်းမွန်သော အစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေး စသည့်စကားများနှင့်  ကွဲလွဲချက်များ ကြီးမားစွာရှိနေကြောင်း တောင်သူအသိုင်းအ၀ိုင်းတွင်
ပြောဆိုလျှက်ရှိကြသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဒေသခံတောင်သူတစ်ဦးကလည်း တာဝန်ရှိ ပုဂ္ဂိုလ်များ အနေနဲ့ စံပြစိုက်ခင်းတွေ မှာဘဲ ၀ဲမနေဘဲနဲ့အောက်လေး ဘာလေးဆင်းကြည့်ပြီး ဘာတွေ ဘယ်လိုဖြစ်နေသလဲဆိုတာ စနည်းနာ ကြည့်ဖို့သင့်ပြီ၊ လိုအပ်တာတွေကို တကယ့်ကို စစ်စစ်မှန်မှန် ပြုပြင်ပြောင်းလဲပြီး အရေးယူသင့်တာတွေ ယူဖို့ လိုပြီ ဟု ဖြည့်စွက်ပြောကြားခဲ့ကြောင်းသိရသည်။


No comments:

Post a Comment