ဇီဝက ကုသိုလ်ဖြစ်အခမဲ့ဆေးခန်း ၊ စကုမြို့ |
ဇီဝက ကုသိုလ်ဖြစ်ဆေးခန်း စတင်ဖွင့်လှစ်စဉ်က လာရောက်ကုသကြသူများစောင့်ဆိုင်းနေစဉ် |
ဇီဝက ကုသိုလ်ဖြစ်ဆေးခန်း တွင် ဆေးကုသမှု ဆောင်ရွက်နေစဉ် |
ဇီဝက ကုသိုလ်ဖြစ်ဆေးခန်း တွင် ဒေါက်တာလှဝင်းက ဆေးကုသမှု ဆောင်ရွက်နေစဉ် |
ဇီဝက ကုသိုလ်ဖြစ်ဆေးခန်း အလှူခံဌာန |
ဇီဝက ကုသိုလ်ဖြစ်ဆေးခန်း၏ ပထမအကြိမ် သက်ကြီးဘိုးဘွားများအား ပူဇော်လှူဒါန်းပွဲ |
ဇီဝက ကုသိုလ်ဖြစ်ဆေးခန်း၊ နားနေဆောင်တွင် ကလေးငယ်များ အာဟာရဒါန တိုက်ကျွေးစဉ် |
နေ့စဉ် စကုမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ မကျန်းမာသူပေါင်း ပျှမ်းမျှ (၄၀၊ ၅၀ မှ ၁၀၀အထိ)လာရောက် ၍ ဆေးဝါးကုသမှု ခံယူကြပါသည်။
နွေရာသီ၌ တစ်လလျှင် မကျန်းမာသူပေါင်း (၁၂၀၀)၀န်းကျင်ခန့် ကုသပေးခဲ့ပြီး မိုးရာသီ၌ (၂၀၀၀)၀န်းကျင် ခန့်နှင့် ဆောင်းရာသီ၌ (၁၅၀၀)၀န်းကျင်ခန့် ဆေးဝါးကုသပေးရပါသည်။
ဇီဝကကုသိုလ်ဖြစ်အခမဲ့ဆေးခန်းမှ ကုသပေးလျှက်ရှိသော ဆရာဝန်၊ သူနာပြု နှင့် လုပ်ကိုင်သူဝန်ထမ်းများအတွက် ထောက်ပံ့ မှု၊ အထွေထွေအသုံးစရိတ် မှာ တစ်လလျှင် (၁၅)သိန်းကျပ်၊ (၁၆)သိန်းကျပ်ဝန်းကျင် ကုန်ကျပါသည်။
ဇီဝကကုသိုလ်ဖြစ်အခမဲ့ဆေးခန်း၏ ပူးတွဲလုပ်ငန်းများဆောင်ရွက်မှုအနေဖြင့်
၁။ သက်ကြီးဘိုးဘွားများအား ဆန်နှင့် ငွေကြေး လှူဒါန်းခြင်း။
၂။ ကလေးသူငယ်တို့အား အာဟာရဒါန ကျွေးမွေးလှူဒါန်းခြင်း။
၃။ ကလေးတရားပွဲများကျင်းပ၍ ယဉ်ကျေးလိမ္မာတရားများ ဟောခြင်း များကိုလည်း ဆောင်ရွက်နေပါသည်။
ဇီဝကကုသိုလ်ဖြစ်အခမဲ့ဆေးခန်း၏ ဆေးဒါန၊ အာဟာရဒါနနှင့် ဘိုးဘွားများအတွက် အောက်ပါအတိုင်း လှူဒါန်းခဲ့ပါသည်။
၁။ တစ်နေ့တာ ဆေးဝါးကုန်ကျစရိတ် - ၃၅၀၀၀ ကျပ်
၂။ အာဟာရဒါနအတွက် - ၂၅၀၀၀ ကျပ်
၃။ သက်ကြီးဘိုးဘွားတစ်ဦးအတွက် - ၅၀၀၀ ကျပ်
ထာဝရငွေ ပဒေသာပင်များလည်း လှူဒါန်းနိုင်ပါသည်။
ဇီဝကကုသိုလ်ဖြစ်အခမဲ့ဆေးခန်းအတွက် ဆက်သွယ်လှူဒါန်းလိုပါလျှင်
ဆရာတော်ဦးဥတ္တရ
မဟာဓမ္မိကာရာမ ပရိယတ္တိစာသင်တိုက်
စကုမြို့
ဖုန်း-၀၉၂၅၆၀၄၅၀၂၈
၀၉၄၀၁၅၆၂၅၂၆
No comments:
Post a Comment